ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးသည့် အမေရိကန်ကြည်းတပ် စစ်သည်များ အားလုံး ထုတ်ပယ်ခံရမည်ဟု အမိန့်ထုတ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးသည့် အမေရိကန်ကြည်းတပ် စစ်သည်များ အားလုံး ထုတ်ပယ်ခံရမည်ဟု အမိန့်ထုတ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးဘဲ ငြင်းဆိုသည့် အမေရိကန်ကြည်းတပ် စစ်သည်များအားလုံး ထုတ်ပယ်ခံရမည် ဖြစ်ကြောင်း ကြည်းတပ် တာဝန်ရှိသူများက စက်တင်ဘာ ၁၄ ရက်တွင်ပြောသည်။

တမ်းပြည့်စစ်မှုထမ်းနေသည့် တပ်ဖွဲ့များအားလုံးရှိ စစ်သည်များအနေဖြင့် ဒီဇင်ဘာ ၁၅ ရက်တွင်လည်းကောင်း၊ အရန်တပ်ဖွဲ့ နှင့် အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များ အနေဖြင့် ဇွန် ၃ဝ ရက်တွင် လည်းကောင်း ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးပြီးဖြစ်ရမည်ဟု   တာဝန်ရှိသူများက   ထုတ်ပြန်ထားသည်။

ကာကွယ်ဆေးထိုးမှုမှ ကင်းလွတ်ခွင့်မရဘဲ ကာကွယ်ဆေးထိုးခြင်း မရှိသူများ အနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရမည်ဖြစ်ကြောင်း ကြည်းတပ်၏ ညွှန်ကြားချက်တွင် ဖော်ပြထား သည်။ စစ်သည်များ အနေဖြင့် ကာကွယ်ဆေးထိုးရန် ငြင်းဆိုလာပါက ကွပ်ကဲအုပ်ချုပ်သူ အဆင့်ဆင့်နှင့်  ဆေးမှူးတို့က  တိုင်ပင် ဆွေးနွေး အကြံပေးရမည်ဖြစ်ကြောင်း၊ ထို့နောက် ကာကွယ်ဆေးထိုးရန် ဆက်လက် ငြင်းဆန်နေပါက  ရာထူးမှဆိုင်းငံ့ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းကဲ့သို့သော အုပ်ချုပ်မှုနည်းလမ်းဖြင့်  အရေးယူခြင်းကို ခံရမည်ဖြစ်ကြောင်း အဆိုပါညွှန်ကြားချက် တွင် ဆက်လက်ဖော်ပြထားသည်။

တပ်မတော်တစ်ရပ်လုံးရှိ စစ်သည်များအားလုံး ကာကွယ်ဆေး မထိုးမနေရ ထိုးရန် ပင်တဂွန် စစ်ဌာနချုပ်က ပြီးခဲ့သည့်လတွင် အမိန့်ထုတ်ပြီးနောက် အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ထိုးပြီးသည့်     စစ်သည် အရေအတွက်မှာ ၇၆ ရာခိုင်နှုန်းမှ ၈၆ ရာခိုင်နှုန်း အထိ  မြင့်တက်လာကြောင်း သိရသည်။