ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ အချိန်နှင့်တစ်ပြေးညီဖြန့်ဖြူးပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ အချိန်နှင့်တစ်ပြေးညီဖြန့်ဖြူးပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသုံးသန်းအား နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဦးတည်အုပ်စုလူဦးရေနှင့် ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများကို အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူး ပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာတွင် ယနေ့ မွန်းလွဲပိုင်းအထိ နေပြည်တော်ကောင်စီနယ် မြေသို့ ကာကွယ်ဆေးအရေအတွက် ၁၆၀၀၀၊ ပဲခူးတိုင်းဒေသကြီးသို့ ကာကွယ်ဆေး အရေအတွက် ၂၄၀၀၀၊  ဧရာဝတီတိုင်းဒေသကြီးသို့ ကာကွယ်ဆေးအရေအတွက် ၄၀၀၀၀ ရောက်ရှိပြီးဖြစ်ကြောင်းနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း  သိရသည်။

ထိုသို့ မြေပြင်ခရီးလမ်းကြောင်းမှကာကွယ် ဆေးများကို ဖြန့်ဖြူးပေးလျက်ရှိသည့်အပြင် ဝေးလံခက်ခဲသည့် ဒေသများသို့ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏အကူ အညီဖြင့် လေကြောင်းခရီးမှလည်း ကာကွယ်ဆေးများ ဆက်လက်ဖြန့်ဖြူးပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)