ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအဝေမတည့်မှုကြောင့် ကမ္ဘာ့နိုင်ငံများ စိတ်ဓာတ်ကျဆင်းနိုင်

 

လက်ရှိဖြစ်ပွားနေသည့်  ကိုဗစ်-၁၉ ရောဂါကို အမြစ်ဖြတ်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်  ကာကွယ်ဆေးခွဲဝေရာတွင် အဝေမတည့်မှုကြောင့် ကမ္ဘာ့နိုင်ငံများစိတ်ဓာတ်ကျဆင်းနိုင်ကြောင်း     ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။ထို့ကြောင့် နိုင်ငံများနှင့်ကာကွယ်ဆေးထုတ်လုပ်သူများအနေဖြင့် ကာကွယ်ဆေးများကို   မျှမျှတတ ဖြန့်ဝေရန်တောင်းဆိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်က ဇန်နဝါရီ ၁၈ ရက်တွင် ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးစီးဦးဆောင်ပြုသည့် ကိုဗက်အမည်ရှိ ကာကွယ်ဆေးခွဲတမ်းအစီအစဉ်က လာမည့်လတွင် စတင်မည်ဖြစ်ပြီး ထိုအစီအစဉ်မစတင်မီ ညွှန်ကြားရေးမှူးချုပ်က ယခုကဲ့သို့ သတိပေးခြင်းဖြစ်သည်။နိုင်ငံအများစု၏ အတ္တကိုရှေ့တန်းတင်သော ကာကွယ်ဆေးဝယ်ယူမှုပုံစံကြောင့် ကမ္ဘာပေါ်ရှိ   ဆင်းရဲသောနိုင်ငံများနှင့် ရောဂါကူးစက်လွယ်သူများအနေဖြင့် ဒုက္ခနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုသို့ ဖြစ်လာပါက ကပ်ရောဂါကိုသာ   ရှည်ကြာစေမည်ဖြစ်ကြောင်း ၎င်းင်းကကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အမှုဆောင်အဖွဲ့    အစည်းအဝေးတွင်ပြောသည်။

လက်ရှိအချိန်တွင် ဝင်ငွေအဆင့်အတန်းအမြင့်ဆုံးသောနိုင်ငံပေါင်း ၄၉ နိုင်ငံက ထိုးနှံပြီးသည့် ကာကွယ် ဆေးပမာဏမှာ ၃၉ သန်းကျော်ရှိသော်လည်း ဆင်းရဲသောနိုင်ငံတစ်နိုင်ငံတွင်မူ ကာကွယ်ဆေး ၂၅ လုံး သာ ထိုးရသေးကြောင်း သိရသည်။ ယခုအခါ ကမ္ဘာတစ်ဝန်း၌ ဗီဇပြောင်းဗိုင်းရပ်များ ပိုမိုများ ပြားလာသည့်အတွက် ကာကွယ်ဆေးလိုအပ်ချက်ကအလျင်အမြန်မြင့်တက်လာကြောင်း ထုတ်ပြန်ချက် အရ သိရသည်။