ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   စက်တင်ဘာ   ၂၄

နိုင်ငံတော်အတွင်း၌   ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အရည်၊   အောက်ဆီဂျင်ဓာတ်ငွေ့၊   အိမ်သုံး အောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ဆောင်ရွက်ပေးလျက်ရှိရာ ၂၄-၉-၂ဝ၂၁ ရက်တွင် ဆိပ်ကမ်းများ၊ မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ၌    ကုမ္ပဏီ လေးခုမှ ယာဉ်စီးရေ ၁၈ စီးဖြင့် အောက်ဆီဂျင်(အိုးခွံ) ၇၁၈၅ ခု၊ Oxygen Plant နှစ်ခု၊ အိမ်သုံး Oxygen Concentrator ၁ဝ၃ ခု၊ PPE ၂ဝဝ စုံနှင့် နှာခေါင်းစည်း (Mask)  ၇၇ တန် တင်သွင်းခဲ့သည်။ Oxygen Plant နှစ်ခုမှာ ပဲနွယ်ကုန်းမြို့နှင့် ညောင်ရွှေမြို့တို့သို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင်  လွယ်ကူမြန်ဆန်နိုင်ရေးအတွက်    သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေး အတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။