ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးများပြုလုပ်၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးများပြုလုပ်၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်

နေပြည်တော်၊ ဩဂုတ် - ၂၇

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌လည်းကောင်း၊ ကချင်ပြည်နယ် အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ လည်း ကောင်း၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်း အဝေးခန်းမ၌ လည်းကောင်း ယနေ့တွင် အသီးသီးပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များ၊ သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်း များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူ များက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ချက်ချင်းတုံ့ပြန်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စစ်တွေမြို့၊ ကျောက်တန်း ကျေးရွာအနီး ကျောက်တန်းတံတားအောက်ရှိ မင်းဂံချောင်းအတွင်း၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ချင်းတွင်းမြစ်ကမ်းတာဘောင်၌ လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အသီးသီး လေ့ကျင့်ဆောင်ရွက်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။