ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

နေပြည်တော်  စက်တင်ဘာ  ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့၊ ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများနှင့်ပတ်သက်၍   ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။