ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက် ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း လူမှုရေး(ပရဟိတ)အသင်းအဖွဲ့များအား ရောဂါကာ ကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက် ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း လူမှုရေး(ပရဟိတ)အသင်းအဖွဲ့များအား ရောဂါကာ ကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၃

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်း လူမှုရေး(ပရဟိတ)အသင်းအဖွဲ့ များအား ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများက မုံရွာမြို့ရှိ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌနှင့် တိုင်းမှူးတို့က လူမှုရေး (ပရဟိတ)အသင်းအဖွဲ့များအား ဂုဏ်ပြုအားပေးစကားပြောကြားပြီး ပရဟိတအသင်းအဖွဲ့ များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌနှင့် တိုင်းမှူးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင် ရွက်ပေးသည့် စေတနာ့ဝန်ထမ်း(ပရဟိတ)အသင်းအဖွဲ့ ၁၂ ဖွဲ့အတွက် ရောဂါကာကွယ် ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် လက်သန့်ဆေးဗူး၊ လက်ဆေးဆပ်ပြာရည်၊ Surgical Mask ၊ Ngs Mask ၊ PPE ဝတ်စုံ၊ Face Shield ၊ အပူချိန်တိုင်းကိရိယာနှင့် အာဟာ ရဖြည့်စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ စေတနာ့ဝန်ထမ်း(ပရဟိတ) အသင်းအဖွဲ့ ၁၂ ဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။