ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင် အလှူရှင်များက ကျန်းမာရေးအထောက်အကူပြုပစ္စည်း များနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင် အလှူရှင်များက ကျန်းမာရေးအထောက်အကူပြုပစ္စည်း များနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

 
နေပြည်တော်၊ ဩဂုတ်- ၃

 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြု ရန်အတွက် ကျန်းမာရေးအထောက်အကူပြုစ္စည်းများနှင့် အလှူငွေများပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အလှူရှင်များမှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ ထို့နောက် အလှူရှင်များဖြစ်ကြသည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀)သင်တန်းဆင်းအရာရှိများက အလှူငွေကျပ်သိန်း ၁၀၀ ၊ နှလုံးလှ မေတ္တာရှင်များဖောင်းဒေးရှင်းက အလှူငွေကျပ်သိန်း ၅၀ ၊ မဇ္ဈိမဂုဏ်ရည်ဆရာတော် နှင့် အလှူရှင်များက အလှူငွေကျပ်သိန်း ၂၀၀ နှင့် အောက်ဆီဂျင်အိုး ၈၀ လုံး၊ SHOGUN Co,Ltd မှ အလှူငွေကျပ်သိန်း ၃၀၀ ၊ Myanmar Supply Co,Ltd က ငွေကျပ်သိန်း ၁၅၀ တန်ဖိုးရှိ ကလိုရင်း ၅ ဂါလံစီပါ ၂၀၀ ပုံး၊ Grate Cairo Co,Ltd က ငွေကျပ် သိန်း ၁၀၀ တို့ကို အသီးသီးပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။