ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အလှူငွေများနှင့် ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်း

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အလှူငွေများနှင့် ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၁၀    

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက် လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ဩဂုတ် ၉ ရက်နှင့်ယနေ့တို့တွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ အလှူရှင်များဖြစ်ကြသည့် မစ္စတာ တွမ်ဇီခွင်း၊ ယူနန်ပေါင်စန်း ဟိန်ယိအုပ်စုကုမ္ပဏီလီမိတက်ထိန်ချုံးမြို့ကိုယ်စား  အဆိုပါကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ငွေကျပ်သိန်းပေါင်း ၁၆၂၇ သိန်းကျော် တန်ဖိုးရှိ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအားလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းလှူဒါန်းသော ငွေကျပ် ၁၇ သိန်း ကျော်တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ၊ စေတနာရှင်အလှူရှင်များဖြစ်ကြသည့် ဦးတင်လှိုင် (ကျော်ကြားအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)မှ ငွေကျပ် ၇၅၁ သိန်းတန်ဖိုးရှိ မော်တော်ယာဉ် ၂ စီး၊ PPE ဝတ်စုံ ၂၀၀ စုံ၊  အောက်ဆီဂျင် Flow Meter ၅၀ ခု၊ ဦးစိန်ဝမ်း(Myanmar Lighting IPP Co.Ltd)မှ ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ Liquid အောက်ဆီဂျင် ၂၅ တန်၊ ဦးမိုးကျော်(ငွေမိုး Hotel) မှ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်နှင့် အထောက်အကူပြုပစ္စည်းများအတွက် ငွေကျပ်သိန်း ၂၀၀ ၊ အလှူရှင် ဦးလှထွန်းမှ ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ အထောက်အကူပြု ပစ္စည်းများ အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ အလှူရှင်များဖြစ်ကြသည့် ဦးဇင်မင်းအောင်မှ အလှူငွေကျပ်သိန်း ၁၂၅၀ တန်ဖိုးရှိ Oxygen Plant စက် ၁ လုံး၊ ထက်ကမ္ဘာကျော်ကုမ္ပဏီမှ ငွေကျပ်သိန်း ၆၀၀ တန်ဖိုးရှိ Oxygen  Cylinder 40L ၂၀၀ အိုး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ဂေါပကအဖွဲ့မှ အလှူငွေကျပ် သိန်း ၁၆၀၊  PHONE KING ဟန်းဆက်နှင့် ဖုန်းအမျိုးမျိုးရောင်းဝယ်ရေးမှ ငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိ Enoxaparin Sodium Injection 50 mg ၅၀၀ လုံး၊ ဦးအောင်ထွေး(ဓနဒီပသီဟကုမ္ပဏီ)မှ ငွေကျပ်သိန်း ၁၀၀၊ ဝိန့်စိန်ရွှေဆိုင်မှ အလှူငွေကျပ်သိန်း ၅၀၊ Myanmar Golden Wes Co,Ltd မှ ငွေကျပ် ၃၅ သိန်းတန်ဖိုးရှိ Oxygen  Cylinder 40L ၁၀ အိုး၊ Absolutely PerFect Light Co,Ltd မှ ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ စက္ကူခုတင် ၅၀ လုံး၊ Royal Kite Co,Ltd မှ ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ စက္ကူခုတင် ၅၀ လုံး၊ ဦးကိုကိုကျော်စွာနှင့် ဒေါ်ချယ်ရီတင်၊ သား မောင်ကောင်းခန့်လင်း PUKKA Co,Ltd မှ အလှူငွေကျပ် ၅ သိန်းတို့အား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမ၌ အလှူရှင်များ ဖြစ်ကြသည့် UMG Myanmar ကုမ္ပဏီမှ(CEO) Mr Kiwi Aliwarga ကိုယ်စား တာဝန်ရှိသူတစ်ဦးကငွေကျပ် ၂၂၁ သိန်းတန်ဖိုးရှိ Visudha Badhana ဆေးများအားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ  သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများက လက်ခံ ရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကာ ကျေးဇူးတင်စကား များ ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။