ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် တပ်မတော်သားများနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက် အကူပြုပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် တပ်မတော်သားများနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက် အကူပြုပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၂၄    
    

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် တပ်မတော်သားများနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည်။
    

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ သဖန်းကိုင်းပရဟိတကျောင်း၌ ဖွင့်လှစ်ထားရှိသည့်ကိုဗစ်စင်တာသို့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်နှင့် စေတနာရှင်အလှူရှင်များကစုပေါင်းလှူဒါန်းသည့် Oxygen  ၂၀ လုံး၊ Oxygen Regulator ၁၀ ခု၊ အောက်ဆီဂျင်ပိုက် ၁၀ ချောင်း၊ PPE ဝတ်စုံ ၁၀၀ စုံ၊ Mask ၅၀၀၀ ခု၊ လက်အိတ် ၁၀၀၀ စုံ၊ ပိုးသတ်ဆေးရည် ၅ ဂါလန်ပုံး ၂ ပုံး၊ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများ၊ အလှူငွေကျပ် ၂ သိန်းနှင့် နမ္မတူမြို့ရှိ မေတ္တာရှင် ပရဟိတအသင်းနှင့် မိတ်ဆွေကောင်း ပရဟိတအသင်းများသို့ အလှူငွေကျပ် ၁၀ သိန်းတို့အား တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များဖြစ်ကြသည့် ကိုးကန့် လူမှု ဖွံ့ဖြိုးရေးအသင်းမှ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ Liquid Oxygen ၂၅ တန်ပါ ကား ၄ စီး၊ Wilmar International Ltd (Singapore)မှငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ Oxygen Concen trators ၆၈ လုံး၊ Cannula ၆၈ ခု၊ O2 Mask ၆၈ ခု၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်မှ ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ KN 95 Mask ၂၀၀၀၀၀ ခု၊ Zwe kapin United F.C Coltd မှ ငွေကျပ်သိန်း ၁၂၀ တန်ဖိုးရှိ Enoxaparin သွေးကျဲဆေးအချောင်း ၁၀၀၀ ခု၊ ဦးရဲထွဋ်အောင်၊ ဒေါက်တာ ဇွဲမာန်အောင် Alibaba Amusement Co.Ltd မှ ငွေကျပ် ၁၂၅ သိန်းတန်ဖိုးရှိ Cylinder 40L ၅၀ လုံး၊ Shwe Taung Development Co.Ltd မှ ငွေကျပ်သိန်း ၇၀ တန်ဖိုးရှိ Oxygen Concentrators ၅ လုံးနှင့် Telecon International Myanmar Co.Ltd(MyTel)မှ အလှူငွေ ၃၄၁၀၀၀၀ ကျပ်အားလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။