ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်း များနှင့် အလှူငွေများလာရောက်လှူဒါန်း

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်း များနှင့် အလှူငွေများလာရောက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၇     

          ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် တပ်မတော်သားများနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည်။

          ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူပြု စေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်ပြည်သူ့ဆေးရုံများနှင့်တိုက်နယ် ဆေးရုံများအတွက် Oxygen Concentrators ၇၆ လုံး၊ စေတနာရှင် အလှူရှင် များဖြစ်သည့် Global technology Co.Ltd မှ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ Fully Internet Provided Emetgency Respond Network တပ်ဆင်လှူဒါန်းခြင်း၊ SICHUAN PROVINCE FOUNDATION FOR POVERTY ALLEVIATION မှ ငွေကျပ်သိန်း ၂၆၉ သိန်းကျော်တန်ဖိုးရှိ Surgical Mask ၁၀၀၀၀၀ ခုနှင့် PPE ဝတ်စုံ ၅၀၀ စုံ၊ HIGHLAND Road Construction Co.Ltd မှ ငွေကျပ်သိန်း ၁၀၀၊ Great Caiso Co.Ltd မှ မန်နေးဂျင်းဒါရိုက်တာက ငွေကျပ်သိန်း ၁၀၀၊ ဦးစိုးတင့် Chairman Ways Automotive Co.Ltd မှ ငွေကျပ် ၈၅ သိန်းတန်ဖိုးရှိ O2 Cylinder ၅ လုံး၊ ဗိုလ်မှူးချုပ် ထွန်းသန်း(အငြိမ်းစား)နှင့် ဇနီး ဒေါ်ခင်ဆွေသန်း မိသားစုမှ ငွေကျပ်သိန်း ၃၀၊ ဦးအောင်ဇော်မြတ် Director Shwe Hinthar Co.Ltd မှ ငွေကျပ် ၁၁၁၁၁၀၀ ကျပ်၊ ဦးတင်ဝင်း Chairman Asia Myanmar Auto Mobile Group Services Co.Ltd မှ ငွေကျပ် ၁၀ သိန်း၊ ဒေါ်ခင်မြင့်ကြည်၊ ဒေါ်ခင်ဆန်းမြင့်၊ ဒေါ်ခင်အေးအေးတို့မှ ငွေကျပ် ၁၀ သိန်းနှင့် သုဓမ္မမဏိဇောတဓရ ဦးစိုးမိုးအောင် MYANMAR FOOD PAK Co.Ltd၊ ရွှေပိတောက်ငါးဈေး- Jetty မှ ငွေကျပ် ၄၈၀၀၀၀ တန်ဖိုးရှိ Surgical Mask ၂၀၀၀၀ ခုတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ အသီးသီး လာရောက်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန် ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။