ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက် ပေးနေသည့် လူမှုရေးအသင်းအဖွဲ့များအား ရောဂါကာကွယ်ရေးအထောက်အကူ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက် ပေးနေသည့် လူမှုရေးအသင်းအဖွဲ့များအား ရောဂါကာကွယ်ရေးအထောက်အကူ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ ဩဂုတ်- ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကူညီဆောင်ရွက်ပေး နေသည့် စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့များအတွက် ရောဂါကာကွယ်ရေး ပစ္စည်းများနှင့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ ပြုလုပ်ရာ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ကော့သောင်း တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ခရိုင်ကောင်စီဉက္ကဋ္ဌ က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့များကို ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် စေတနာ့ ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့များအား ဆန်၊ ဆီ၊ စားသောက်ဖွယ် ရာများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းရာ လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူခဲ့ ကြောင်း သတင်းရရှိသည်။