ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ ကို နှောင့်ယှက်တိုက်ခိုက်သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပြင် အခြား သက်ဆိုင်သည့် ဥပဒေများနှင့်ပါတရားစွဲဆို၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေး ယူသွားမည်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ ကို နှောင့်ယှက်တိုက်ခိုက်သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပြင် အခြား သက်ဆိုင်သည့် ဥပဒေများနှင့်ပါတရားစွဲဆို၍ ထိရောက်ပြင်းထန်စွာ အပြစ်ပေးအရေး ယူသွားမည်

နေပြည်တော်၊ သြဂုတ် ၂

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ကူးစက်ပြန့်ပွားမှု မဖြစ်ပွားမီကာလကပင် လိုအပ်သည့် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများကို လုပ်ဆောင်ခဲ့ပြီး ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လာသည့်ကာလအတွင်းတွင်လည်း အတည်ပြုလူနာ၊ စောင့် ကြည့်လူနာများအား ကျန်ရှိသည့် တာဝန်သိကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီကယ် ဆယ်ရေးအသင်းအဖွဲ့များနှင့် တပ်မတော်သားကျန်းမာရေးအဖွဲ့များ ပူးပေါင်း၍ ကုသ ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင် ရောဂါကူးစက်မှုအရ အရေးပေါ်လိုအပ်လာသည့် အောက်ဆီဂျင်များကို လုံလောက်စွာ ပေးဝေနိုင်ရေး အတွက် ပြည်တွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံများမှ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ပြည်ပမှလျင်မြန်စွာတင်သွင်းခွင့်ပြုခြင်း စသည်တို့ဖြင့် ပြည်သူ လူထု၏ အသက်အိုးအိမ်ကို ထိခိုက်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက် ခဲ့သည်။

ထိုသို့ အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို မျက်ကွယ်ပြု၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအား တားဆီးခြင်း၊ ပိတ်ဆို့ခြင်း၊ အကူအညီအထောက်အပံ့များရရှိခြင်းမရှိစေရန် တိုက်ခိုက်ထိုးနှက်ခြင်းများကို အကြမ်း ဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့ကိုထောက်ခံသည့် အစွန်းရောက်များက လုပ်ဆောင် ခဲ့ကြသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအား လုံခြုံစိတ်ချရစေရန်အတွက် လိုအပ်သည့်ကာကွယ်ဆေးများ၊ ကုသဆေးများသာမက ဆက်စပ်လျက်ရှိသည့် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးနှင့် စက်ကိရိယာများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ အခက်အခဲ အကြပ်အတည်းကြားမှ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအပေါ် NUG၊ CRPH တို့ကဲ့သို့ အကြမ်းဖက်အဖွဲ့များအနေဖြင့် ထိုးနှက် တိုက်ခိုက်မှုများ ဖြစ်သည့် သတင်းမှားများထုတ်လွှင့်ခြင်း၊ ပြည်သူလူထု အထင်အမြင် လွဲမှားစေသည့် ဝါဒဖြန့်ချိမှုများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင် အသက်အန္တရာယ် ထိခိုက်စေသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိ ကြောင်း တွေ့ရှိရသည်။

ယင်းသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုများအနက် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကား လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၈၆ နှင့် ၂၈၇ အကြားတွင် ဖွင့်လှစ်ထားသည့် နမ့်စီးအောင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်တွင် မိုင်းဖောက်ခွဲတိုက် ခိုက်မှု၊ ဇူလိုင်လ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ မြို့မစျေးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင် ရေးအတွက် Mask များ ဖြန့်ဝေ လှူဒါန်းနေသူများအား အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုနှင့် သြဂုတ် ၁ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေသူများအား လက်ပစ်ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်မှုများကြောင့် အမျိုးသမီး တစ်ဉီးသေဆုံး၍ အမျိုးသား ၆ ဉီးနှင့် အမျိုးသမီး တစ်ဉီးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယင်းဖြစ်ရပ်များသည် ပြည်သူလူထု အနေဖြင့် ကာကွယ်ဆေးထိုးနှံမှု၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုတို့ အပေါ် စိုးရိမ်ပူပန်များ ဖြစ်ပေါ်ခဲ့ရသည်။

အထက်ဖော်ပြပါဖြစ်စဉ်များ ဖြစ်ပွားခဲ့ရခြင်းမှာ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် ထုတ်ပြန်ကြေညာထားသော NUG ၊ CRPH အပါအဝင် ၎င်းတို့ကို ထောက်ခံအားပေးသည့် အစွန်းရောက်အကြမ်းဖက်သမားများ၏ နောက်ကွယ်မှ ပံ့ပိုးမှု၊ သွေးထိုးလှုံ့ဆော်မှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

ထိုအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိပါကလည်း ၎င်းတို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပြင် အခြားသက်ဆိုင်သည့် ဥပဒေများနှင့်ပါ တရားစွဲဆို၍ ထိရောက်ပြင်းထန်စွာ စံနမူနာပြအပြစ်ပေးအရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပြည်သူလူထုအနေဖြင့်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေ ဖြင့် ဆောင်ရွက်နေသည့် ကာလအတွင်း အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ သွေးထိုးလှုံ့ဆော်မှု၊ လှုပ်ရှားဆောင်ရွက်မှု၊ ပုန်းအောင်းသိုဝှက်ထားရှိမှုများ အပါအဝင် သတင်းရရှိမှုများကို နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာ သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။