ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ

 
နေပြည်တော်၊ ဇူလိုင် - ၂၅

 
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူဒါန်းပေး လျက်ရှိသည်။
ထိုသို့ ပေးအပ်လှူဒါန်းလျက်ရှိရာ ဇူလိုင် ၁ ရက်မှ ယနေ့အထိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊ ကိုဗစ်စင်တာများ၊ ဘာသာရေးကျောင်းများ၊ စာသင်ကျောင်းများ၊ မြို့ဝင်/ မြို့ထွက် စစ်ဆေးရေးဂိတ်များနှင့် ဒေသခံပြည်သူလူထုများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်အိုး ၄၉၄၁ လုံး၊ Mask ၃၂၉၄၈၂ ခု၊ Personal Protective Equipment(PPE)ဝတ်စုံ ၁၈၂၀ စုံ၊ Hand Gel ၇၀၃ ဘူး၊ Face Shield ၂၀၀ ခု၊ လက်ဆေးဆပ်ပြာရည် ၄ ပုံး၊ လက်အိတ် Surgical Gloves ၂၀၅၀ စုံ၊ ခေါင်းစွပ် ၂၉၀၀ ခု၊ ဆေးပစ္စည်းများ၊ စက်သုံးဆီများ၊ အဟာရဖြည့်စားသောက်ဖွယ်ရာများ၊ အလှူငွေများကို သွားရောက်ပေးအပ်လှူဒါန်း နိုင်ခဲ့ကြောင်းနှင့် ဆက်လက်ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အထောက်အကူပြုပစ္စည်းများ၊ အလှူငွေများကို စေတနာရှင် အလှူရှင်များက ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ ကျောင်းရွာတိုက်နယ်ဆေးရုံ၊ ရွှေတောင်ပေါ် တိုက်နယ် ဆေးရုံနှင့် ကျွဲကုန်းတိုက်နယ်ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း များအတွက် ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို စေတနာရှင်အလှူရှင်များ ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့နှင့် တပင်ရွှေထီးလူမှုကူညီရေးအဖွဲ့တို့က ပေးအပ်လှူဒါန်းရာ တာဝန် ရှိသူများက လည်းကောင်း၊ မန္တလေးမြို့မှ စေတနာရှင်ပြည်သူတစ်ဦးက တပ်မတော် ကိုဗစ်-၁၉ စင်တာများအတွက် Oxygen Concentrator စက်(၅၀)လုံးနှင့် ဆက်စပ် ပစ္စည်းများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဧည့်ရိပ်သာသို့ လာရောက် လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး က လည်းကောင်း အသီးသီး လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။