ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် ပေးနေသည့် စေတနာ့ဝန်ထမ်းများအား အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက် ပေးနေသည့် စေတနာ့ဝန်ထမ်းများအား အလှူငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 
နေပြည်တော် ဇူလိုင် ၁၉

 
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင် ရွက်ပေးနေသည့် စေတနာ့ဝန်ထမ်းများအား အလှူငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)ရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 
ဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် လမင်း တစ်ရာဘက်စုံပရဟိတအဖွဲ့၊ ကိုရဲသွေးနီနှင့် မိတ်ဆွေများ ပရဟိတအဖွဲ့စေတနာ့ဝန် ထမ်းများအား စက်သုံးဆီနှင့် စားသောက်စရိတ်ထောက်ပံငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ထို့နောက် တိုင်းမှူး က စေတနာ့ဝန်ထမ်း များ စားသောက်ရေးအဆင်ပြေစေရန်အတွက် ခြံထွက်ကြက်ဉများ၊ တပ်မတော်စက်ရုံ ထုတ် ခေါက်ဆွဲခြောက်ထုပ်များ၊ ရွှေဖီဦးလက်ဖက်ရည်ထုတ်များ၊ နန်းမြိုင်ကော်ဖီမစ် ထုတ်များနှင့် Mask များ ထောက်ပံ့ပေးအပ်ခဲ့သည်။

 
ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နှင့် တိုင်းမှူး တို့က ပုသိမ်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)၌ တစ်နေ့လျှင် အောက်ဆီဂျင် အိုး ၄၀ လီတာဆံ့ ၆၀ လုံးထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက် တပ်ဆင်ဆောင်ရွက် နေမှု အခြေအနေနှင့် တစ်နေ့လျှင် အောက်ဆီဂျင်အိုး ၄၀ လီတာ ၂၀ လုံး ထုတ်လုပ် ပေးနေပြီး လူနာခန်းအတွက် ပိုက်လိုင်းမှ အောက်ဆီဂျင် တိုက်ရိုက် ထုတ်ပေးနေသည့် အောက်ဆီဂျင်စက်တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု၍ လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။