ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၄
  

 မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် နိုင်ငံအတွင်း စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာမှုရှိစေရေး တာဝန်ရှိသူများ အနေ ဖြင့် အလေးထား ကိုင်တွယ်ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု၊ မွေးမြူရေး ကုန်ထုတ်လုပ်မှုများကို ရာနှုန်းပြည့် ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးဧရိယာများ အပြည့်အဝ စိုက်ပျိုးနိုင်ရေး  တောင်သူ များအား ကူညီပေးရန်လိုကြောင်းနှင့် ပြည်သူများအာဟာရ ပြည့်ဝစွာစားသုံး နိုင်ပါက ကိုယ်ခံစွမ်းအားများ ကောင်းမွန်လာပြီး ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လမ်းညွှန်မှာကြားခဲ့သည်။
    

ထိုကဲ့သို့ လမ်းညွှန်မှာကြားချက်အရ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး ရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အစိုးရ အဖွဲ့ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
    

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက ရှမ်းပြည်နယ်(မြောက် ပိုင်း) အတွင်း ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် မွေးမြူရေးဆောင်ရွက် လျက်ရှိသည့် ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများဖြစ်သော ရိုးမရတနာ ဥစားကြက် မွေးမြူရေးခြံနှင့် ရွှေကောင်းကင် အသားတိုးဝက်ခြံတို့သို့လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ်ရှိ အမှတ် ၁ နှင့် အမှတ် ၃ စိုက်ပျိုးမွေးမြူရေးစခန်းများသို့လည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။