ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဩဂုတ် - ၅

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။

    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့်တာဝန်ရှိသူများက  ညေင်ရွှေမြို့ရှိ ရှမ်းရိုးမမွေးမြူရေးဇုန်နှင့် SKF Farm Myanmar Co.Ltd ၏ SWINE GGP Farm  ဝက်မွေးမြူရေးခြံ၊  ဒေါက်တာစိုင်းလုံ၏ အဆင့်မြင့် ကြက်မွေးမြူရေးခြံ၊ အေးသာယာမြို့ရှိ ပြောင်းအခြောက်ခံစက်ရုံ၊ တောင်ကြီး မြို့ရှိ ထုံးဖိုစိုက်ပျိုးရေးသုတေသနခြံများသို့ လည်းကောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံသို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး နှင့်တာဝန်ရှိသူများက  ထားဝယ်မြို့ရှိ တပ်နယ်စိုက်ပျိုး၊ မွေးမြူရေးဇုံသို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၄)စိုက်ပျိုး၊ မွေးမြူရေးစခန်း၊ လေးထောင့်ကန်ရပ်ကွက်ရှိ  ပုဂ္ဂလိကပိုင် အားမာန်နို့စားနွားခြံ နှင့် မှော်ဘီမြို့နယ်ရှိ တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး၊ မွေးမြူရေးစခန်း (ဝါးနက်ချောင်း)များသို့ လည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ ဘက်စုံစိုက်ပျိုးမွေးမြူ ရေးခြံနှင့် နယ်မြေခံလေတပ်စခန်းဌာနချုပ်ရှိ မွေးမြူရေးခြံများသို့လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်တာဝန်ရှိသူများသည် ပုဂ္ဂလိကမွေးမြူရေးခြံဖြစ်သည့် စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာ အနီးရှိ ဦးစိန်ဝင်းပိုင် ဉစားကြက်မွေးမြူရေးခြံ၊ ငါးမွေးမြူရေးကန်များနှင့် တိုင်းစစ်ဌာန ချုပ်ရှိ စိုက်ပျိုးမွေးမြူရေးဇုန်များသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများက ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ၊ ခင်မွန်ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံနှင့် ဆင်မြေကျေးရွာ၊ မေခဇော်ကြက် မွေးမြူရေးကုမ္ပဏီ၏ အသားစားကြက်မွေးမြူရေးခြံများသို့ လည်းကောင်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့်တာဝန်ရှိသူများက ဟားခါး တပ်နယ်ရှိ မွေးမြူရေးခြံနှင့် ဟားခါးထာရ်ရပ်ကွက်ရှိ ဒေါ်ဆုန်ထလျာ၏ ဉစားကြက်မွေးမြူရေးခြံများသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ သရက်ကုန်းငါးမွေးမြူရေးစခန်းနှင့် တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး မွေးမြူရေး ခြံများသို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက နယ်မြေခံတပ်ရှိ စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများသို့လည်းကောင်း သွားရောက်၍ မျိုးစေ့ထုတ်လုပ်ငန်း၊ Green House စိုက်ပျိုးရေးလုပ်ငန်း၊ ဉစားကြက်မွေးမြူရေးလုပ်ငန်း၊ နို့စားနွား မွေးမြူရေးလုပ်ငန်း၊ DYL ဝက်မွေးမြူရေးလုပ်ငန်း၊ ဆပ်ပြာရည်ထုတ်လုပ်ခြင်း လုပ်ငန်း၊ ဖယောင်းတိုင်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် နို့ထွက်ပစ္စည်းကုန် ထုတ်လုပ် ငန်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။