ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၁၃

    ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများသည် သထုံမြို့ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ သထုံမြို့နယ်အတွင်းနှင့် လယ်ယာစိုက်ပျိုးရေးအတွက် အဓိကရေပေးဝေလျက်ရှိ သည့် ဝါးပါးဆည်ရေလှောင်တမံအားလည်းကောင်း၊ သထုံမြို့နယ်၊ ဈေးမသွယ်ကျေးရွာ အနီးရှိ ဒုံသမိမြစ်ရေတင်စီမံကိန်းအားလည်းကောင်း၊ ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေး ရွာရှိ သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ဘက်စုံအဆင့်မြင့်နည်းပညာသုံး မိုးစပါးဧက ၃၀၀ စံပြစိုက်ခင်းအားလည်းကောင်း၊ ကျုံဟော်ကျေးရွာအနီးရှိ ရေနက်ကွင်းဧက ၂၀၀၀၀ ကိုအကျိုးဖြစ်ထွန်းစေမည့် ရင်းငြိမ်းရေထိန်းတံခါးတည်ဆောက်ထားရှိမှုတို့ကို လည်းကောင်း၊ သထုံမြို့နယ်၊ ကော့သန်ကျေးရွာရှိ အသားတိုးဝက်မွေးမြူရေးခြံ၊ နယ်မြေခံတပ်ရှိ ဘက်စုံမွေးမြူရေးခြံ၊ သထုံမြို့ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမျိုးကောင်း မျိုးသန့်သားပေါက်ခြင်းနှင့် ငါးမွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် ကောင်းမွန်မိသားစုနို့စားနွားမွေးမြူရေးခြံအားလည်းကောင်း အသီးသီး သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။