ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးသော PT-PCR စက်နှစ်လုံးရောက်ရှိ

ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးသော PT-PCR စက်နှစ်လုံးရောက်ရှိ

နေပြည်တော် ဇူလိုင် ၂၂

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့်  ဆောင်ရွက် ရာတွင် ရောဂါရှာဖွေခြင်းသည်လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး ရောဂါပိုး တွေ့ရှိလူနာများအား  အချိန်မီခွဲခြားကုသခြင်းဖြင့်  ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းသိမ်း နိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးသည့်စက်များကို တိုးမြှင့်တပ်ဆင်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့သွားရောက်သည့် ခရီးစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးသော PT-PCR စက်များအား မှာကြားဝယ်ယူခဲ့သည်။

 အဆိုပါ ဝယ်ယူခဲ့သော PT-PCR စက် ၂ လုံးနှင့် Reagent၊ ဆက်စပ်ပစ္စည်းများသည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။ ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါရှာဖွေ စစ်ဆေးသော PT-PCR စက် ၂ လုံး၊  Reagent၊   ဆက်စပ်ပစ္စည်းများအား  တာဝန်ရှိသူများက  စနစ်တကျလက်ခံ လွှဲပြောင်းရယူပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ထိရောက်မြန်ဆန်စွာ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။