ကိုဗစ်-၁၉ လူနာများ ကုသရာတွင် အသုံးပြုရန် ငွေကျပ်သိန်းပေါင်း ၂၂၀၀ တန်ဖိုးရှိ အောက်ဆီဂျင် Plant တစ်ခုအား ပေးအပ်လှူဒါန်း

ကိုဗစ်-၁၉ လူနာများ ကုသရာတွင် အသုံးပြုရန် ငွေကျပ်သိန်းပေါင်း ၂၂၀၀ တန်ဖိုးရှိ အောက်ဆီဂျင် Plant တစ်ခုအား ပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း ကိုဗစ်-၁၉ လူနာများ ကုသရာတွင် အသုံး ပြုရန်အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ၊ အောက်ဆီဂျင် Plant များကို သက်ဆိုင်ရာ ဆေးရုံများသို့ ပေးအပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ယနေ့နံနက်ပိုင်းတွင် အလှူရှင် ဦးကျော်နေဝင်း မိသားစု က ငွေကျပ်သိန်းပေါင်း ၂၂၀၀ တန်ဖိုးရှိ အောက်ဆီဂျင် Plant ၁ ခုကို လာရောက်ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ သည်။
အဆိုပါလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။