ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကိုယ်ဝန်ပထမ သုံးလပတ်နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးသင့်ဟု အီတလီ ထုတ်ပြန်

ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကိုယ်ဝန်ပထမ သုံးလပတ်နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးသင့်ဟု အီတလီ ထုတ်ပြန်

ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေ ဖြင့် ကိုယ်ဝန်ပထမ သုံးလပတ်နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးသင့်ကြောင်း အီတလီအမျိုးသား ကျန်းမာရေး ဌာနက စက်တင်ဘာ ၂၄ ရက်တွင် အကြံပြု ထောက်ခံထားသည်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းသည် မိခင် အတွက်သာမက  သန္ဓေသားအတွက်ပါ ဘေးကင်းစိတ်ချရမှု ရှိကြောင်း တွေ့ရှိမှု များပြားလားသည့်အတွက် ယခုကဲ့သို့အကြံပြုရခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့်  ကိုယ်ဝန်ပထမ သုံးလပတ် ကာလအတွင်း ကာကွယ်ဆေးထိုးလိုပါက ဖြစ်လာနိုင်သည့် ကောင်းကျိုးများနှင့်ဆိုးကျိုး  များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့် ကြောင်း ကျန်းမာရေး ဌာနက ထုတ်ပြန်ထား သည်။ ကိုယ်ဝန်ပထမ သုံးလပတ်ကာလအတွင်း ကာကွယ်ဆေးထိုးပါက ကိုယ်ပူခြင်းကဲ့သို့ ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်သည့်အပြင်  သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက် ဖြစ်နိုင်ခြေမြင့်တက်နိုင်ကြောင်း  တွေ့ရှိထားသည့်အတွက် အီတလီကျန်းမာရေး ဌာနက  ယခုကဲ့သို့ သတိပေးထားခြင်းဖြစ်သည်။

သို့သော်  နို့တိုက်မိခင်များ အနေဖြင့် ကာကွယ်ဆေးကို ယုံကြည်စိတ်ချစွာ ထိုးနိုင်ပြီး မွေးကင်းစကလေးသည်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်သည့်  ပဋိပစ္စည်း များကို မိခင်၏နို့ရည်မှ တစ်ဆင့် ရရှိနိုင်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်ဟု သိရသည်။