ကော့သောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့သည့်နေရာများအား နယ်မြေခံတပ်မတော်သားများက ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကော့သောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့သည့်နေရာများအား နယ်မြေခံတပ်မတော်သားများက ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း ဇူလိုင် ၉ ရက် နေ့လယ်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့အနီး၊ ဘုတ်ပြင်း-ကော့သောင်းသွားကားလမ်း၊ ပြည်ထောင်စု လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၇)နှင့်(၂၃၈)ကြားရှိ ကတ္တရာကားလမ်းအရှည် (၄)ဖာလုံခန့်နေရာအား ခမောက်ကြီးချောင်းရေ မြင့်တက်လာမှုကြောင့် ကားလမ်းရေကျော်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကားလမ်းရေကျော်မှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ဇူလိုင် ၉ ရက် ညနေ ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ခမောက်ကြီးတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ သွားလာမှု အဆင်ပြေစေရန်နှင့် အန္တရာယ်မဖြစ်စေရေးအတွက် ကူညီကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ခမောက်ကြီးချောင်းရေ မြင့်တက်ခဲ့မှုကြောင့် ကော့သောင်းမြို့ နယ်၊ ခမောက်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အိမ်ခြေ(၆၂)လုံးခန့် ရေဝင်ရောက်မှု များဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာ နေရာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ နယ်မြေခံတပ်မတော်သားများက ရွှေ့ပြောင်း နေရာချပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။