ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များတင်ဆောင်လာသော လှေတစ်စီးဖမ်းဆီးရမိ

ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်များတင်ဆောင်လာသော လှေတစ်စီးဖမ်းဆီးရမိ

နေပြည်တော် ၊  မတ် - ၁၃
    
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၁၂ ရက်  နံနက် ၈ နာရီခန့်တွင်  မသင်္ကာဖွယ်လှေတစ်စီးတွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူစစ်ဆေးစဉ် မောင်းနှင်ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးရာ Roe  BanK  ကျွန်း၏အနောက်ဘက် ရေမိုင် ၇၄ မိုင်ခန့်အကွာ သို့ အရောက်၌ ခိုင်ခိုင် အမည်ရှိ တရားမဝင်သစ်ခိုးလှေ ၁ စီးအား ဦးစိုးဝင်းနိုင်(ဘ) ဦးသိန်းအောင် အပါအဝင် အမျိုးသား ၉ ဦးကို လှေပေါ်မှ တရားမဝင်တင်ဆောင်လာသော အခြားသစ် ၄၅ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ ဖမ်းဆီးရမိသူများ၊ သစ်များနှင့်လှေတို့ကို သက်ဆိုင်ရာသို့ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။