ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကင်းမွန်မီးထွန်းလှေတစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကင်းမွန်မီးထွန်းလှေတစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

၂၀၂၄၊ ဖေဖော်ဝါရီလ ၁၅ ရက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏ အနောက်မြောက်ဘက်ရေမိုင် ၂၁ မိုင်အကွာ၌ ကောင်းကောင်း အမည်ရှိ ကင်းမွန်မီးထွန်း လှေတစ်စီးရေဝင်နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ကယ်ဆယ်ရန် သွားရောက် ရှာဖွေရာ လှေအား မတွေ့ရှိဘဲ အမှတ်အသားပြ ဘွိုင်ကိုသာတွေ့ရှိရသဖြင့် အနီး ပတ်ဝန်းကျင်အား ဆက်လက်လိုက်လံရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာစဉ် လှေသား ၃ ဦးအား ရှာဖွေတွေ့ရှိ ကယ်ဆယ်ခဲ့ပြီး အဆိုပါ လှေသားများ၏ ပြောကြားချက်အရ မီးထွန်းလှေတွင် လှေသား ၈ ဦး ပါရှိကြောင်း သိရှိရ ၍ ဆက်လက်လိုက်လံရှာဖွေရာ ၎င်းနေရာအနီးတွင် ရှိသော ရတနာထွန်း-၁ အမည်ရှိ မီးထွန်းလှေမှ လှေသား ၄ ဦးအား ကယ်ဆယ်ထားသဖြင့် စုစုပေါင်းလှေသား ၇ ဦးအား ရေယာဉ် ပေါ်သို့ တင်ဆောင်ကာလိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၍ လှေသားများအား သက်ဆိုင်ရာသို့စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။