ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်လှူဒါန်း

ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၁၃

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်၊ နယ်မြေခံဆေးတပ်ရှိ ကိုဗစ်-၁၉ရောဂါကုသရေးစင်တာမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအတွက် နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့် အလှူရှင်များကစုပေါင်းလှူဒါန်းသည့် ရောဂါကာကွယ်ရေး အထောက် အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများအား လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အထွေထွေရောဂါကုဆေးရုံးကြီးနှင့် ဆေးရုံ တက်ရောက် ကုသမှုခံယူနေသည့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် Mask ၂၅၀၀ ခု၊ PPE Level 3 ဝတ်စုံ ၅၀ စုံ၊ လက်အိတ် ၄၅၀ စုံ၊ အောက်ဆီဂျင်ပိုက် ၂၀ စုံ၊ စားသောက် ဖွယ်ရာများ၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် အာဟာရဖြည့်စားသောက် ဖွယ်ရာများအားလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)နှင့် ဆေးရုံတက်ရောက်ကုသမှုခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ငွေကျပ် ၃၆ သိန်းကျော်တန်ဖိုးရှိ PPE ဝတ်စုံ ၁၀၀ စုံ၊ Mask ၇၀၀၀ ခုနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများအားလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ စားသောက် ဖွယ်ရာများနှင့် နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက် ရှိသည့် သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒေသခံပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ရှိ ကိုဗစ်စင်တာများတွင် တက်ရောက် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ရောဂါ အတည်ပြုပိုးတွေ့လူနာများ အတွက် ရွှေကမ္ဘောဇစိုက်ပျိုးရေးကုမ္ပဏီနှင့် ပြည့်ဖြိုးထွန်းစိုက်ပျိုးရေးကုမ္ပဏီတို့မှ လှူဒါန်း သည့် အလှူငွေကျပ် ၅၇၂၀၀၀၀ ကျပ်နှင့် စေတနာ့ဝန်ထမ်း Volunteer များအတွက် အထောက်အကူပြုပစ္စည်းများအားလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက်ဆေးကုသမှု ခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား စားသောက် ဖွယ်ရာများအား လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌနာချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက အသီးသီး ထောက်ပံ့ ပေးအပ် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။