ကျိုက်လတ်မြို့၌ တရုတ်နိုင်ငံမှမှာယူထားသော အောက်ဆီဂျင်စက်ရောက်ရှိ တပ်ဆင်ထုတ်လုပ်နိုင်မှုအခြေအနေများအား ကြည့်ရှု

နေပြည်တော် ‘သြဂုတ်  ၂၆

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး  တပ်မတော်နှင့် စေတနာရှင်အလှူရှင်များအနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

ထိုသို့ထုတ်လုပ်ပေးလျက်ရှိရာ သြဂုတ် ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၌ တရုတ်နိုင်ငံမှ မှာယူထားသော အောက်ဆီဂျင်စက်ရောက်ရှိ တပ်ဆင်ထုတ်လုပ်နိုင်မှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(၁၀၀)