ကျိုင်းတုံမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့်နေရာများ၌ တပ်မတော်သား များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကူညီကယ်ဆယ်ရေးဆောင်ရွက်

ကျိုင်းတုံမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့်နေရာများ၌ တပ်မတော်သား များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကူညီကယ်ဆယ်ရေးဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဇူလိုင် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် အခက်အခဲများဖြစ်ပေါ်နေ သည့် ဒေသခံပြည်သူများအား ဇူလိုင် ၂၁ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးသည်။
ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် ကျိုင်းတုံမြို့ပေါ်ရှိ ရပ်ကွက်များ၊ စာသင် ကျောင်းများ၊ လမ်းမများနှင့် ကျိုင်းတုံ-မိုင်းခတ်သွားကားလမ်းတစ်လျှောက်တို့တွင် ကူညီကယ်ဆယ်ရေးအဖွဲ့များက သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ ပြောင်းပေးခြင်း၊ ရေကြီးနစ်မြုပ်လျက်ရှိသော နေအိမ်များရှိ ပစ္စည်းများအား ရွှေ့ပြောင်း သယ်ဆောင်ပေးခြင်း၊ ကျိုင်းတုံ-မိုင်းခတ်သွားကားလမ်းတွင် သွားလာရေးခက်ခဲနေ သော ဒေသခံပြည်သူများအား ရာဘာလှေ၊ ဖိုက်ဘာလှေများကို အသုံးပြု၍ ပို့ဆောင် ပေးခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် အမှိုက်သရိုက်များအား ဖယ်ရှားခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မိုင်းပျဉ်း-တာကော် ကားလမ်းအနီး တစ်ဝိုက်နှင့် မိုင်းယောင်းမြို့နှင့် တာလေမြို့များတွင်လည်း ဇူလိုင် ၂၁ ရက်တွင် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ ကွန်ကရစ်တံတားများ ပျက်စီးပြိုကျခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် နယ်မြေခံတပ်မတော်သား များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။