ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်းမှ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်လောင်းလှူ

ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်းမှ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်လောင်းလှူ

နေပြည်တော်၊ စက်တင်ဘာ - ၁၇

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၃၆ ကျောင်း မှ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်လောင်းလှူ ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရပ်တော်မူဘုရားကြီး၌ ပြုလုပ်သည်။

        အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူ များ တက်ရောက်ကြပြီး သံဃာတော် ၂၅၁ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၃၉ ပါးတို့ ကို ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။