ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်ခြင်း၊ ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဌာနဆိုင်ရာပေါင်းစုံစုပေါင်း၍ သံဃာတော်များအား ဆွမ်းဆန်တော် လောင်းလှူ

ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်ခြင်း၊ ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဌာနဆိုင်ရာပေါင်းစုံစုပေါင်း၍ သံဃာတော်များအား ဆွမ်းဆန်တော် လောင်းလှူ

 

နေပြည်တော်၊ စက်တင်ဘာ - ၂၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရားကြီး မျက်နှာတော် သစ်ခြင်း၊ ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဌာနဆိုင်ရာပေါင်းစုံစုပေါင်း၍ ဝါတွင်း ကာလ သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူခြင်းကို စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် ဘုရားကြီးအား မျက်နှာတော်သစ်ရေသပ္ပါယ်ခြင်း၊ ရွှေသင်္ကန်းနှင့်အလှူငွေများကို ဆက်ကပ်လှူဒါန်း ကြ သည်။
ဆက်လက်၍ တိုင်းမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ စုပေါင်း၍ ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းမှ သံဃာတော် ၁၉၀ ပါးနှင့် သာသနာနွယ်ဝင်သီလရှင် ၁၃ ပါးတို့ကို ဆွမ်းဆန်တော်၊ လှူဖွယ် ပစ္စည်းများနှင့် ဝတ္ထုငွေများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။