ကျိုင်းတုံမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် Mask များ ထောက်ပံ့ပေးအပ်

ကျိုင်းတုံမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် Mask များ ထောက်ပံ့ပေးအပ်

 

နေပြည်တော်၊ စက်တင်ဘာ - ၁၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် Mask များ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် သက်ဆိုင်ရာကျောင်းခန်းမတို့၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားများအသီးသီးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် Mask များ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက အသီးသီးလက်ခံရယူ ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းဆောင် သစ်များ တိုးချဲ့ဆောက်လုပ်နေမှုများကို သွားရောက်ကြည့်ရှု၍ ကျောင်းအုပ်ကြီးများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။