ကျိုင်းတုံမြို့၊ နောင်တုံကန်ပတ်လမ်း ဖောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေး

ကျိုင်းတုံမြို့၊ နောင်တုံကန်ပတ်လမ်း ဖောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် - ၇
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်တုံကျေးရွာရှိ နောင်တုံကန် ပတ်လမ်းဖောက်လုပ်နေမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ကန်ပတ်လမ်းဖောက်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
    
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက စည်ပင်သာယာရေးကောင်မတီ၊ ကားပါကင် နှင့် ဈေးဆိုင်ခန်းများ ပါဝင်သည့် (၃)ထပ် အဆောက် အဦ တည်ဆောက်နေမှုအခြေအနေ များအား သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြကြပြီး တင်ပြမှုများ  အပေါ်လိုအပ်သည်များ  ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
အဆိုပါ ကျိုင်းတုံမြို့၊ စည်ပင်သာယာရေးခန်းမ၊ ကားပါကင်နှင့်ဈေးဆိုင်ခန်းများ ပါဝင်သည့် (၃)ထပ် အဆောက်အဦကို ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကုမ္ပဏီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ပြီး ကားပါကင်နှင့် ဆိုင်ခန်းပေါင်း ၁၀၆ ခန်း ပါဝင်မည်ဖြစ်ကာ ကျိုင်းတုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။