ကျောက်တန်းမြို့နယ်ရှိ ဝါဂွမ်းချည်လုံး စက်ရုံဝင်း အတွင်းရှိ သိုလှောင်ရုံ မီးလောင်မှုဖြစ်ပွား

နေပြည်တော်  မတ်  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ်၊ သီလဝါစက်မှုဇုန်၊ မက္ခရာမင်းသားကြီးလမ်းရှိ Xan-Fa ဝါဂွမ်းချည်လုံး စက်ရုံဝင်းရှိ အလျား ပေ ၁၅ဝ၊ အနံ ပေ ၁ဝဝ၊ အမြင့် ၂၅ ပေခန့်ရှိ Steel Structure တစ်ထပ်ကုန်သိုလှောင်ရုံ၌ မတ် ၂၇ ရက်ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သိုလှောင် ထားရှိသည့် ချည်မျှင်နှင့် ပိတ်ဖြတ်စ၊ ညှပ်စများအား ကာလကြာရှည်စွာ ထပ်၍သိုလှောင်ထားရှိရာမှ အောင်းပူဖြစ်ပေါ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာ နေရာသို့ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ငါးစီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မတ် ၂၈ ရက် နံနက် ၂ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် လူနှင့်   တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။

အဆိုပါမီးလောင်မှုကြောင့် သိုလှောင်ရုံနှင့် အဆောက်အအုံ ဆုံးရှုံးခဲ့ရပြီး သိုလောင်ရုံ တာဝန်ခံ မဖြိုးပြည့်အောင်(ဘ)ဦးအောင်ငွေ အား ကျောက်တန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။