ကျွန်းစုမြို့နယ်အတွင်း တရားမဝင်သစ်များသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့်  တပ်ဖွဲ့ ဝင်များသည် ဧပြီ ၁၀ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဝက်ဖြူတောင်ကျွန်း၏ အနောက်မြောက်ဘက် ၁ ဒသမ ၄ မိုင်ခန့်အကွာသို့အရောက်၌ အလျား ၅၀ ပေ၊ အနံ ၁၂ ပေ၊ ရေစူး ၃ ပေ ၆ လက်မခန့်ရှိ တရားမဝင် သစ်ခိုးလှေတစ်စင်းပေါ်မှ ဦးငွေလှ(ဘ)ဦးသိန်းနိုင်အပါအဝင် အမျိုးသား ၃ ဦးအား တောသစ်ခွဲသားဆိုဒ်စုံ ၁၀ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ၊ လှေနှင့်သစ်များအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

(၁၀၀)