ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာရှိ ပြည်သူတစ်ဦးအား မင်းမဲ့စရိုက်ဆန်စွာ ပြုမှုဆောင်ရွက် ခဲ့သည့် ဆူပူဆန္ဒပြသူလူတစ်စုအား ဖမ်းဆီးရမိ

ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာရှိ ပြည်သူတစ်ဦးအား မင်းမဲ့စရိုက်ဆန်စွာ ပြုမှုဆောင်ရွက် ခဲ့သည့် ဆူပူဆန္ဒပြသူလူတစ်စုအား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာ၊ အမှတ်(၄)ရပ်ကွက်နေ ဦးတာယာမင်းဒီ၊ မသဇင်ဝေ၊ ဦးသင်္ကြန်ဦး တို့ ဦးဆောင်သည့် ဆူပူ အကြမ်းဖက်သူအင်အား ၆၀ ဦးခန့်သည် မတ် ၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် အမှတ်(၃) ရပ်ကွက်နေ ဦးအောင်မြင့်(ဘ)ဦးဘမင်း၊ စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူ၏ နေအိမ်ရှေ့သို့ လာရောက်စုရုံးပြီး  နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ တံခါးများအား ဖျက်ဆီးခြင်း၊ မော်တော် ဆိုင်ကယ်အား မီးရှို့ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သဖြင့် ဦးအောင်မြင့် ၏ သားဖြစ်သူ မောင်မျိုးမြန်မာ အသက်(၂၃)နှစ်တွင် နဖူးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်ကယ် တစ်စီး၊ အပ်ချုပ်စက် ၃ လုံးနှင့် ပရိဘောဂပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့သည့် သတင်းအား ထုတ်ပြန်ပြီး ဖြစ်ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပါဝင်ပတ်သက်သူများအနက်မှ မတ် ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ဦးညီညီဦး(ဘ)ဦးထွန်းဦး၊ ကျောင်းဆရာ(အလယ်တန်းပြ)ဖြစ်သူအား ၎င်း၏ နေအိမ်တွင် လည်းကောင်း၊ နံနက် ၁၁ နာရီခန့်တွင် မသင်းသင်းအေး(ဘ) ဦးမောင်အေး၊ ငါးခြောက်ရောင်းဝယ်ရေးလုပ်ကိုင်သူအား ၎င်း၏ နေအိမ်တွင် လည်းကောင်း၊ နေ့လယ် ၁ နာရီခွဲခန့်တွင် ဦးမြင့်စိန်(ဘ)ဦးထွန်းရွှေ၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူအား ၎င်း၏ နေအိမ်တွင် လည်ကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေးနိုင်ရေးနှင့် ဦးဆောင်သူ  များနှင့်ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။