ကျွဲ နွားများတွင်ဖြစ်တတ်သည့် လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

မကွေး  ဒီဇင်ဘာ  ၁၃

မကွေးတိုင်းဒေသကြီးအတွင်း တောင်သူများ လယ်ယာကဏ္ဍ၌ အသုံးပြုနေသည့် ကျွဲ၊ နွားများတွင် လည်ချောင်းကွဲရောဂါ မဖြစ်စေရေးအတွက် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် ကျွဲ၊ နွားများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန   ညွှန်ကြားရေးမှူး   ဒေါက်တာမောင်မောင်စိုးဦးထံမှ သိရသည်။

၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွင်း ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးကို သုံးလတစ်ကြိမ်ဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။

ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးကို ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် အောက်တိုဘာတွင်  ကျွဲ၊ နွားကောင်ရေ   ၃၉၅ဝ နှင့် နိုဝင်ဘာတွင် ကျွဲ၊ နွားကောင်ရေ ၄ဝ၅ဝ ကို ထိုးနှံပေးပြီး   ယခုဒီဇင်ဘာတွင်  ကျွဲ၊ နွားကောင်ရေ ၄၄ဝဝ  ကို  ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။