ကွင်းလယ်ကစားသမား ကိုးလ်မန်းအတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃ဝ ဖြင့် လီဗာပူးအသင်း၏ ကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ် အသင်းပယ်ချ

ဘိုင်ယန်မြူးနစ်အသင်း  ကွင်းလယ်ကစားသမား ကိုးလ်မန်းအတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃ဝ ဖြင့်  လီဗာပူးအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

ကိုးလ်မန်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့၏ စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်ရှိနေသော်လည်း ကိုးလ်မန်း ကိုယ်တိုင်က ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားလိုသည့်အတွက် အစောပိုင်းကတည်းက အသင်းမှ ထွက်ခွာရန် ပြင်ဆင်နေခြင်းဖြစ်သည်။

လီဗာပူးအသင်း ကွင်းလယ်ကစားသမား ဝင်နယ်ဒမ် ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း  အစားထိုးရန်  ကစားသမားသစ် ရှာဖွေနေပြီး ကိုးလ်မန်းသည်  ကွင်းလယ် ပိုင်းနှင့် တိုက်စစ်ပိုင်းတို့တွင်  ကစားနိုင်သည့်အတွက် လီဗာပူးအသင်းက ခေါ်ယူလိုနေခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း ကိုးလ်မန်း အသင်းမှ ထွက်ခွာမည်ဆိုပါက  ခွင့်ပြုထားပြီး  လက်ရှိတွင် လီဗာပူးအသင်းအနေဖြင့် စတာလင်ပေါင် သန်း ၃ဝ ဖြင့်သာ ကမ်းလှမ်းခဲ့သည့်အတွက်   ပယ်ချခဲ့ခြင်းဖြစ်ပြီး  ပြောင်းရွှေ့ကြေး   ထပ်မံတိုးမြှင့်ပေးမည် ဆိုပါက လက်ခံသွားမည်ဟု အကြောင်းကြားထားကာ လက်ရှိ ကိုးလ်မန်း၏ တန်ကြေးမှာ စတာလင်ပေါင် ၅၈ သန်းခန့်အထိ ရှိနေသောကြောင့် ဘိုင်ယန်မြူးနစ် အသင်းက စတာလင်ပေါင် သန်း ၆ဝ ခန့်အထိ အလိုရှိနေကြောင်း သိရသည်။                   

Ref;Dello Sports