ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး သင်တန်းသားများအလိုရှိသည်

 

 

၁။  လျှောက်ထားသူသည်အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

      (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

      (ခ)           လျှောက်ထားသူသည် ၁-၁-၂ဝ၂၁ ရက်နေ့တွင် အသက် ၁၆ နှစ် ပြည့်ပြီး ၁၉ နှစ်ထက်မကြီးရ။

      (ဂ)           တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

      (ဃ) အနည်းဆုံး အရပ်(၅)ပေ(၂)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ) ထက်မနည်းရ၊ ပေါင်(၁၄ဝ)ထက်       မကျော်ရ။

၂။   လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal (www.myawady.net.mm/Sgt(male)) တွင် Download ရယူ၍ဖြစ်စေ   အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၂-၁၀-၂၀၂၀ ရက်နေ့မှ ၉-၁၂-၂၀၂၀ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့ လျှောက်ထားရမည်-

      (က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)။     

      (ခ)           တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။

      (ဂ)           အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ပြည်နယ် / တိုင်းဒေသကြီး / မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ တစ်လအတွင်းရရှိသည့် ထောက်ခံစာ(မူရင်း)။

      (ဃ) တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ။

      (င)           အိမ်ထောင်စုဝင်စာရင်း(မိတ္တူ)။

      (စ)           မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။           

၃။  သတ်မှတ်ချက်များနှင့်ပြည့်စုံသူများအား စစ်ဌာနချုပ်များအစီအစဉ်ဖြင့် တပ်မတော်(ကြည်း)၊အမှတ်(၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းသို့ပို့ဆောင်ပေးမည်။ ၎င်းတွင် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများပြုလုပ်၍ ဆေးအောင် မြင် သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၄။  သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာတို့အပြင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာဘာသာရပ် တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip,C.S (Diploma in Computer Studies) ချီးမြှင့်ပေးမည်။

၅။  သင်တန်းကာလ(၂)နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ်လစာ  (၁၄၄ဝဝဝ)ကျပ် ကိုလည်းကောင်း၊ ခြေလျင်တပ်သားသစ်သင်တန်း ပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည် အထိ သတ်မှတ်ထားသော တပ်သားအခြေခံလစာ (၁၅ဝဝဝဝ)ကျပ် ကိုလည်းကောင်းရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) [အခြေခံလစာ(၂၀၄ဝဝဝ )ကျပ်၊ အရည်အချင်းလစာ(၄ဝဝဝ)ကျပ်၊ M.H.R.A  (၁ဝဝဝဝ)ကျပ်၊ စုစုပေါင်း (၂၁၈ဝဝဝ)ကျပ် ရရှိမည်။]

၆။  လုပ်သက် ၂ နှစ် ပြည့်သည့်အခါ အဆင့် /အတန်း တိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့် /အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး  ယှဉ်တွဲဖော်ပြပါ လစာ ၊ စရိတ်များ ရရှိမည်-

                           အဆင့်အတန်း                                         အခြေခံလစာ      အရည်အချင်းလစာ       M.H.R.A          ပေါင်း

                                                                                                     

     (က) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ဒုတိယတန်း)          ၂ဝ၄ဝဝဝ          ၆ဝဝဝ                         ၁ဝဝဝဝ        ၂၂ဝဝဝဝ

     (ခ) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(ပထမတန်း)             ၂ဝ၄ဝဝဝ           ၈ဝဝဝ                         ၁ဝဝဝဝ        ၂၂၂ဝဝဝ

     (ဂ) ဒုတိယအရာခံဗိုလ်(စာရေး/ကွန်ပျူတာ)                       ၂၄ဝဝဝဝ            ၈ဝဝဝ                         ၁ဝဝဝဝ        ၂၅၈ဝဝဝ

     (ဃ) အရာခံဗိုလ်(စာရေး/ကွန်ပျူတာ)                                ၂၅၈ဝဝဝ            ၈ဝဝဝ                        ၁ဝဝဝဝ        ၂၇၆ဝဝဝ

     မှတ်ချက်။    နှစ်တိုးလစာကို ၂ နှစ်လျှင် (၂ဝဝဝ)ကျပ် နှုန်းဖြင့် (၁ဝဝဝဝ)ကျပ် အထိ ခံစားခွင့်ရှိသည်။                    

၇။  တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေးအတွက် အဆင်ပြေစွာဖြေဆိုနိုင်သည်။

၈။  ဘွဲ့ရရှိသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်မှုထမ်းသက် ၆ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း၊ ဘွဲ့မရ သေးသူများသည် စစ်မှုထမ်းသက် ၈ နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း ဗိုလ်လောင်းသင်တန်းသို့ လျှောက်ထား နိုင်သည်။

၉။  ထို့အပြင် ဘွဲ့ရရှိသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်သံစစ်မှုထမ်းစာရေးအဖြစ် စိစစ်ရွေးချယ်ခံရပါက နိုင်ငံခြားရှိ မြန်မာစစ်သံ(ကြည်း ၊ ရေ ၊ လေ)ရုံးများတွင် မိသားစုနှင့်အတူသွားရောက်၍  အမှုထမ်းဆောင်နိုင်ခွင့်ရှိသည်။

            မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။