ခန္တီးခရိုင်အတွင်း လက်ဖက်သီးနှံစိုက်ဧက ၉၀၀ ကျော်ခူးဆွတ် ထုတ်လုပ်ရောင်းချလျက်ရှိ

ခန္တီး၊ စိုက်ပျိုးရေး

ခန္တီးခရိုင်အတွင်း လက်ဖက်သီးနှံစိုက်ဧက  ၉၀၀ ကျော်ခူးဆွတ် ထုတ်လုပ်ရောင်းချလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး  ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့အတွင်း လက်ဖက်သီးနှံ ၉၁၇၅ ဧကစိုက်ပျိုးထားရာ ဧက ၈၉၀၀ ကျော် ကို ခူးဆွတ်ထုတ်လုပ်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ခန္တီးခရိုင်အတွင်းမှ ထွက်ရှိသော လက်ဖက်အစိုအခြောက်ကို ဒေသတွင်းစားသုံးကြပြီး ပိုလျှံသော လက်ဖက်အစို တစ်ပိဿာလျှင် ခန့်မှန်းငွေကျပ် ၁၅၀၀နှင့် လက်ဖက်အခြောက် တစ်ပိဿာလျှင် ခန့်မှန်းငွေကျပ် ၅၀၀၀ ဈေးနှုန်းဖြင့် မော်လိုက်၊ ဖောင်းပြင်၊ မုံရွာနှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိသည်။

ယခုလက်ရှိအချိန်အထိ လက်ဖက်သီးနှံကို ခန္တီးခရိုင်အတွင်းရှိ ခန္တီးမြို့နယ်တွင် ၂၈၁ ဧက၊  ဟုမ္မလင်း မြို့နယ်တွင် ၈၈၉၄  ဧက စိုက်ပျိုးထားရှိပြီး  ခန္တီးမြို့နယ်တွင် ၂၄၅ ဧကနှင့် ဟုမ္မလင်းမြို့နယ်တွင် ၈၆၉၇ ဧက ထုတ်လုပ်နေပြီဖြစ်ကြောင်းသိရသည်။

(၆၁၁)