ခန္တီးမြို့ရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်

ခန္တီးမြို့ရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ အပါအဝင် လူမျိုးဘာသာမရွေး အသက် ၆၅ နှစ်အထက် ပြည်သူများ၊ သက်ကြီးဘိုးဘွားများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ယနေ့တွင် ခန္တီးမြို့ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး သည်။
တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများအား လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ခန္တီးတပ်နယ်မှ တာဝန်ရှိသူများနှင့် ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။