ခရမ်းချဉ်ပင် စိုက်ပျိုးသူများ တခြားသီးနှံများကို ပြောင်းလဲ စိုက်ပျိုးလာ

ခရမ်းချဉ်ပင် စိုက်ပျိုးသူများ တခြားသီးနှံများကို ပြောင်းလဲ စိုက်ပျိုးလာ

စိုက်ပျိုးရေးလုပ်ငန်း  လုပ်ကိုင်သူများ အနက်  ခရမ်းချဉ်ပင်  အဓိကစိုက်ပျိုး သူများအနေဖြင့် ဈေးကွက်အနေအထား အရ တခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုး လာကြကြောင်း  မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် အတွင်းရှိ တောင်သူများ၏ ပြောပြချက်အရ သိရသည်။

''အရင်နှစ်တွေကတော့ ကျွန်တော်တို့ ဒေသမှာ  ဒီအချိန်ဆို  ခရမ်းချဉ်ပင်ကိုပဲ အဓိကထားစိုက်ကြတယ်။ဒီနှစ်တော့ ခရမ်းချဉ်သီးက   ဈေးကွက်သိပ်မရလို့ ငရုတ်စိုက်ဖို့    ဘောင်စဆွဲနေကြပါပြီ။ နောက်ပြီး  ဝါသီးနှံကိုလည်း  ပြောင်းလဲစိုက်ပျိုးမှု များလာကြတယ်။ ခရမ်းချဉ်သီး ဈေးကွက်မရဘူးဆိုတာက ဒီနှစ်မှာ စိုက်ပျိုး ရေးသုံးဆေးတွေ     ဈေးတက်သွားတာ ကြောင့်လည်းပါတယ်။ ခရမ်းချဉ်စိုက်တာ ကျတော့    ငရုတ်သီး စိုက်တာထက်ပိုပြီး ဆေးအသုံးပြုရတယ်'' ဟု မတ္တရာမြို့နယ်  မြောင်းသစ်ကျေးရွာမှ  တောင်သူဦးလှိုင်မိုး ကပြောသည်။

ဒေသအလိုက် ရာသီဥတုပေါ်မူတည်၍ စိုက်ပျိုးရေးသုံး မြေဆီ၊ မြေသြဇာ၊ မှိုသတ် ဆေး၊  ပိုးသတ်ဆေးများ  ပိုမိုသုံးစွဲပေးရ သည့်  ခရမ်းချဉ်ပင်စိုက်ပျိုးရေးကို  စိုက် ပျိုးစရိတ်မကာမိသဖြင့် တောင်သူများက တခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးလာ ကြခြင်းဖြစ်သည်။

ငရုတ်သီးမျိုးထုပ်တစ်ထုပ်လျှင် ငွေကျပ် ၅၅ဝဝ  ဝန်းကျင်၊  ခရမ်းချဉ်မျိုးထုပ်တစ် ထုပ်လျှင်  ငွေကျပ်  ၁ဝဝဝဝ  ဝန်းကျင် ဈေးနှုန်းများရှိပြီး  သုည  ဒသမ  ၅  ဧက (တစ်ဧက၏တစ်ဝက်) စိုက်ပျိုးပါက မျိုး ထုပ်နှစ်ထုပ်ခန့် ထည့်သွင်း စိုက်ပျိုးရကြောင်း သိရသည်။