ခရမ်းမြို့နယ်အတွင်းရှိ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇွန် - ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်း ဇွန် ၁၆ ရက်ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာ အချို့မှ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ နေအိမ်များ အမိုးလန် ပျက်စီးခြင်းနှင့် ပြိုလဲမှုများဖြစ်ပေါ်ခဲ့သည်။

ထိုသို့ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ခရမ်းမြို့နယ်၊ ရေကျော်ကျေးရွာ၊ ကင်မွန်းခြုံ ကျေးရွာအုပ်စု၊ မြကန်သာတဲတန်းကျေးရွာနှင့် ပလူကျေးရွာအုပ်စု၊ ညောင်ပင်ကြီး တဲတန်းကျေးရွာများမှ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်းနှင့် လူနေအိမ် ၄၈ လုံး အမိုးလန်ပျက်စီးခြင်းနှင့် ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ်မှ နယ်မြေခံတပ်မတာ်သားများက သွားရောက်၍ အမိုးများပြန်လည်ပြုပြင်ပေးခြင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် နေအိမ်ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးပြီး လေဘေးသင့်ပြည်သူများအား သောက်ရေသန့်များနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။