ခိုလမ်မြို့ရှိ ဇိနမာန်အောင် သမန္တပါသာဒိက ပြည်လုံးချမ်းသာရ ဆုပြည့်ဝစေတီတော် မြတ်ကြီး အထက်ဌာပနာတော် သွင်းလှူပူဇော်ခြင်း၊ ရွှေထီးတော်၊ ငှက်မြတ်နား တော်၊ စိန်ဖူးတော် အထွဋ်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကပူဇာ အနေကဇာတင် မဟာ မင်္ဂလာ အခမ်းအနားကျင်းပ

ဧပြီ - ၁၂

  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ စေတနာရှင် တိုင်းရင်းသားပြည်သူများမှ တည်ထားကိုးကွယ်သော ဇိနမာန်အောင် သမန္တပါသာဒိက ပြည်လုံးချမ်းသာရဆု ပြည့်ဝစေတီတော်မြတ်ကြီး အထက်ဌာပနာတော် သွင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်း အနားကို ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ပရဝုဏ်အတွင်း၌ ပြုလုပ် ရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ သဘာဝတရားရိပ်သာကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ သောဘန အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ တိုင်းရင်း သားပြည်သူများ တက်ရောက်ကြသည်။

  ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သဘာဝတရားကျောင်းတိုက် မှ ဆရာတော် ဘဒ္ဒန္တသောဘန ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး စေတီတော်မြတ်ကြီးတွင် သွင်းလှူပူဇော်မည့် သတ္တဌာနပဋိမာ ရုပ်ပွားတော်မြတ် များ၊ ဓာတု၊ ဓမ္မ ဉဒိဿ ပရိဘောဂ စေတီလေးပါး ဌာပနာတော်မြတ်များနှင့် ဌာပနာတော် ပစ္စည်းများကို တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော်ထံ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့်အလှူရှင်များက သတ္တဌာနပဋိမာရုပ်ပွား တော်မြတ်များ၊ ဓာတု၊ ဓမ္မ ဒိဿ ပရိဘောဂ စေတီလေးပါး ဌာပနာတော်မြတ် များနှင့် ဌာပနာတော် ပစ္စည်းများကို စေတီတော်သို့ လကျ်ာရစ်လှည့်လည်ပင့်ဆောင် ပူဇော်ခြင်း၊ “ ဇယန္တော ဗောဓိယာမူလေ” အစချီဇယမင်္ဂလာ အောင်ဂါထာနှစ်ပုဒ်ဖြင့် သုံးကြိမ်ရွတ်ဆိုကာ ဆုတောင်း ပနာပြုခြင်းများ ပြုလုပ်ပြီး ဌာပနာတော် သွင်းလှူ ပူဇော်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

  ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် အထွဋ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကပူဇာ အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ပြုလုပ်ရာ နမ့်စန်မြို့၊ မြို့နယ်သံဃ နာယကဥက္ကဋ္ဌ သုခိတာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ အာလောက၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဥတ္တမသာရ တို့ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသားအလှူရှင်များ တက်ရောက်ကြသည်။ 

  ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံမှ ကိုးပါး သီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက နမ့်စန်မြို့၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ သုခိတာရုံကျောင်းတိုက် ဆရာတော်ထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်များကို ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ်ချီးမြှင့်တော်မူကြသည်။

  ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့် များကို စေတီတော်မြတ်ကြီးအား လက်ျာရစ်လှည့်လည် ပူဇော်ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

  ယင်းနောက် မင်္ဂလာအချိန်၌ တိုင်းမှူးနှင့်အလှူရှင်များက စိန်ဖူးတော်၊ ငှက် မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်များကို အစီအစဉ်အတိုင်းပင့်ဆောင်ကြ ပြီး စေတီတော်အထွဋ်တွင် တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ သွန်းလောင်းကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

  ၎င်းနောက် သံဃာတော်များက ဇိနမာန်အောင်သမန္တပါသာဒိက ပြည်လုံး ချမ်းသာရဆုပြည့်ဝစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါ ဘိသိတ်သွန်းတော်မူကြပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။