ချင်းတိုင်းရင်းသား တီရယ်ထန်နှင့် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်တို့ ပွဲစဉ် ပါဝင်သည့် One Battleground III ပြိုင်ပွဲ သြဂုတ် ၂၇ ရက်တွင် ကျင်းပမည်

ချင်းတိုင်းရင်းသား တီရယ်ထန်နှင့် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်တို့ ပွဲစဉ် ပါဝင်သည့် One Battleground III ပြိုင်ပွဲ သြဂုတ် ၂၇ ရက်တွင် ကျင်းပမည်

ONE Championship က ကြီးမှူးကျင်းပမည့် ONE Battleground III  ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်မည့်   ချင်းတိုင်းရင်းသား တီရယ်ထန်နှင့် တောင်ကိုရီးယားနိုင်ငံသား   ဆောင်မင် ဂျောင်တို့ ယှဉ်ပြိုင်မည့်ပွဲစဉ်ကို  သြဂုတ် ၂၇ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲ တွင် စတင်ကျင်းပမည်ဖြစ်ပြီး တီရယ်ထန် နှင့် ဆောင်မင်ဂျောင်တို့ တွဲဆိုင်းမှာ ဒုတိယမြောက်တွဲဆိုင်းအဖြစ်   ယှဉ်ပြိုင်မည်ဖြစ် ရာ ပြည်တွင်းရုပ်သံလိုင်းဖြစ်သည့် Sky-net  Sports   ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း    သိရသည်။

အသက် ၂၇ နှစ်အရွယ် တီရယ်ထန်သည် အရပ် ၅ ပေ ၉ လက်မရှိသူဖြစ်ပြီး စုစုပေါင်း  သုံးပွဲယှဉ်ပြိုင်ခဲ့ရာ  သုံးပွဲစလုံး အနိုင်ရရှိထားသူဖြစ်ကာ အသက် ၂၉ နှစ်  အရွယ်ပြိုင်ဘက်   ဆောင်မင်ဂျောင်မှာ စုစုပေါင်း ၁၉ ပွဲ ယှဉ်ပြိုင်ခဲ့ရာ ၁၁ ပွဲအနိုင် ရရှိထားပြီး ရှစ်ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။

အဆိုပါပြိုင်ပွဲကို   Skynet  Sports  ရုပ်သံလိုင်းမှ Skynet Sports 3 ရုပ်သံလိုင်း နှင့် Skynet Sports HD ရုပ်သံလိုင်းတို့ မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည့် အပြင် ONE Championship ၏Facebook Page မှ Live Stream ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ONE Championship  Youtube Channelမှလည်း တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း     သိရသည်။