ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် နှစ်ပွဲဆက်ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် ဒေါ့မွန်အသင်းမှ ဘယ်လင်ဟမ် စံချိန်သစ်တင်

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် နှစ်ပွဲဆက်ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် ဒေါ့မွန်အသင်းမှ ဘယ်လင်ဟမ် စံချိန်သစ်တင်

နီယွန်၊ ဘောလုံး

ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဒေါ့မွန်အသင်း က ဘီဆစ်တပ်အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိ သည့်ပွဲစဉ်၌ ဒေါ့မွန်အသင်း အတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့် လူငယ်ကစားသမား ဘယ်လင်ဟမ်သည်  ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ်ရပ်တည်နေသော အမ်ဘတ်ပီ၏ စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

အမ်ဘတ်ပီသည် ၂၀၁၇ ခုနှစ်က အသက် ၁၈ နှစ်နှင့်  ၈၅  ရက်ဖြင့်   ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် နှစ်ပွဲဆက်ဂိုးသွင်း ယူနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းကို ယခုအခါ ဒေါ့မွန်အသင်းကြယ်ပွင့် ဘယ်လင်ဟမ်က ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘယ်လင်ဟမ်သည် ဒေါ့မွန်အသင်းနှင့်ဘီဆစ်တပ် အသင်းတို့ကစားသည့်ပွဲစဉ်၌   ပါဝင်ကစားချိန်က အသက် ၁၈ နှစ်နှင့် ၇၈ ရက်သာ ရှိသေးသည့်အတွက် အမ်ဘတ်ပီ၏စံချိန်ကို ခုနစ်ရက်အသာဖြင့်ကျော်ဖြတ် နိုင်ခဲ့ခြင်းဖြစ်သည်။ ဘယ်လင်ဟမ်သည်  ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ မန်စီးတီးအသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူထားပြီး ယခုပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခြင်းဖြစ်သည်။

ဘယ်လင်ဟမ်သည်   ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်း တစ်လျှောက် နှစ်ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့သည့် အသက်အငယ်ဆုံး ကစားသမား အဖြစ်   စံချိန်တင်နိုင်ခဲ့သည့်အပြင်  ပြိုင်ပွဲသမိုင်းတစ်လျှောက်  အဝေးကွင်း၌   ဂိုးသွင်းယူနိုင်ခဲ့သော   အသက်အငယ်ဆုံးကစားသမားအဖြစ်ပါ ပူးတွဲစံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

Ref;Opta.com