ချမ်းမြသာစည်မြို့နယ်အတွင်း အများပြည်သူအေးချမ်းစွာသွားလာနိုင်ရေးအတွက် ပိတ်ဆို့ ထားသည့်အတားအဆီးများ ဖယ်ရှားရှင်းလင်းနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူ အကြမ်းဖက်သူများက ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်

ချမ်းမြသာစည်မြို့နယ်အတွင်း အများပြည်သူအေးချမ်းစွာသွားလာနိုင်ရေးအတွက် ပိတ်ဆို့ ထားသည့်အတားအဆီးများ ဖယ်ရှားရှင်းလင်းနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူ အကြမ်းဖက်သူများက ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်

နေပြည်တော်၊  မတ် - ၂၃
    
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၁၀၅ လမ်း ၅၂ လမ်းနှင့် ၅၃ လမ်းကြားတွင် ဆူပူအကြမ်းဖက်သူ ၁၅၀ ဦးခန့်က ယနေ့ ညနေ ၄ နာရီခွဲခန့် အများပြည်သူအသုံးပြုလျက်ရှိသော လမ်းများအား အတားအဆီးများ၊ တာယာကွင်း များမီးရှို့ကာ ပိတ်ဆို့ထားခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်နေကြကြောင့် ဆူပူအကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏တိုင်တန်းချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များကသွားရောက်၍ အတားအဆီးများအား ဖယ်ရှားရှင်းလင်းရန်နှင့် လူစုခွဲခြင်းများအား ဥပဒေနှင့်အညီဆောင်ရွက်စဉ် ဆူပူအကြမ်းဖက်သူများက  Air Short Gun များ၊ ကုံးသီးများ၊ လက်လုပ်သေနတ်များ၊ ‘ဒုတ်၊ ဓား၊ ဂျင်ဂလိများဖြင့်ပစ်ခတ်ခဲ့သည့် အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များနေရာအထိ အတင်းတိုးဝင်ရောက်၍ လူကိုသေစေနိုင်သည် အထိ အကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အရာရှိကြီး ၁ ဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ပြင်းထန်စွာထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ 
    
စိုးရိမ်ရ ဒဏ်ရာရရှိသူမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏အမြင့်ဆုံးအရာရှိကြီးအဆင့် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားချိန် အနီးပတ်ဝန်းကျင်တွင် မောင်းပြန်သေနတ် ကိုင်ဆောင်သည့် အရာရှိ၊ စစ်သည် ၁၀၀ ကျော်ရှိသည့်အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ခန့်မှာလည်း အဓိကရုဏ်းဖြိုခွဲရေးလက်နက်ကိုယ်စီကိုင်ဆောင် နေသည့်အချိန်နှင့်အခြေအနေဖြစ်ပါသည်။  သာမန်အားဖြင့် မိမိအထက်အရာရှိအား ယခုကဲ့သို့ “‘ဒဏ်ရာပြင်းထန်စွာရရှိစေခြင်းအပေါ် လက်အောက်ငယ်သားများအနေဖြင့်  မောင်းပြန်လက်နက်များဖြင့် ပြင်းပြင်းထန်ထန်တုန့်ပြန်နိုင်ခြင်း၊ လက်လွတ်စပယ်ဒေါသဖြင့် အင်အားကို အလွန်အကျွံအသုံးပြုကာ တုန့်ပြန်ခြင်းပြုလုပ်ခဲ့ပါက မမျှော်မှန်းနိုင်သော သေကြေထိခိုက်ဒဏ်ရာရမှုများ မလွဲမသွေဖြစ်ပေါ်စေနိုင်သည့်အခြေအနေလည်း ဖြစ်ပါသည်။
    
အလားတူ ဒီပဲယင်းနယ်မြေတွင် ‘ဒုရဲအုပ်နှင့်တပ်ဖွဲ့ဝင်အချို့ အကြမ်းဖက်ခံရသဖြင့် ၂ ဦး သေဆုံးခဲ့မှုဖြစ်စဉ်၊ မန္တလေးမြို့၊အောင်မြေသာစံ၊ နှင်းဆီအိမ်ယာတွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ရဲတပ်ဖွဲ့ဝင် ၁ ဦးအား ဥပဒေမဲ့အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်၊ သန်လျင်မြို့နယ် ‘ဒုရဲအုပ်ဦးစီး ရဲတပ်ဖွဲ့ဝင် ၄ ဦးအား ဖမ်းဆီးကြိုးတုပ်၍နှိပ်စက် ခဲ့သည့်ဖြစ်စဉ်၊ ပြင်ဦးလွင်မြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ၂ ဦးအား ဖမ်းဆီးကာ ဓါတ်တိုင်တွင် လက်ပြန်ကြိုးတုပ်ကာ ကတုံးတုံး၊ မျက်ခုံးမွှေးရိတ်နှိပ်စက်ခဲ့သည့် ဖြစ်စဉ်၊ မော်လမြိုင်မြို့နယ် မုပွန်နယ်မြေရဲစခန်းမှ ရဲအုပ် ၁ ဦးအား လက်နက်လုယူဖမ်းဆီး နှိပ်စက်ခဲ့သည့်ဖြစ်စဉ်၊ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၅ ဦးအား ဖမ်းဆီး  နှိပ်စက်၍ ကားအား ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်၊ ကျောက်တံတားမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ၁ ဦးအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်၊ ပဲခူးမြို့၊ လိပ်ပြာကန် ရပ်ကွက်မဂ္ဂတစ်လမ်းဆုံတွင် ဆူပူအကြမ်းဖက်လူအုပ်စုမှ ပွိုင့်-၂၂ သေနတ်ဖြင့်ပစ်ခတ်ခံ ရသဖြင့် ‘ဒုရဲအုပ် ၁ ဦးသေဆုံးကာ ၃ ဦးပြင်းထန်စွာ ‘ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်၊ ဖယ်ခုံမြို့နယ်၊ ဖလိုင်တောင် ခြေကျေးရွာအနီးတွင် တပ်မတော်သားအရာရှိ ၂ ဦးနှင့်အခြားအဆင့် ၂ ဦး တို့ကို ဖမ်းဆီး၍ရက်စက်စွာသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်၊ လှိုင်သာယာမြို့နယ်တွင် စစ်အုပ်ချုပ်ရေးကာလ တပ်မတော်အရာရှိဇနီးလောင်းဖြစ်သူ မဝင်းသန္တာဆွေ အား ရက်စက်စွာသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တို့တွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေါသအလျောက် စည်းကမ်းနှင့်မညီဘဲ လက်လွတ်စပယ် မိမိတို့ကိုင်ဆောင်ထားသည့် အဓိကရုဏ်းနှိမ်းနင်ရေးလက်နက်အပြင် မောင်းပြန်လက်နက်များကိုသာ အသုံးပြု ခဲ့ပါကလည်း အဆိုပါအကြမ်းဖက်မှုဖြစ်စဉ် အသီးသီးရှိ အကြမ်းဖက်သူအုပ်စုများ၏ကံကြမ္မာ များမှမတွေးဝံ့စရာဖြစ်စဉ်များ ဖြစ်ပေါ်လာမည်မှာ မလွှဲဧကန်ဖြစ်ပါသည်။
    
သို့ရာတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိမိတို့၏လုပ်ဖော်ကိုင်ဖက်နှင့် အထက်အရာရှိများ မည်သို့ပင်သေဆုံး၊ ဒဏ်ရာရရှိမှုဖြစ်စေခဲ့သော်လည်း အဆိုပါဖြစ်စဉ် အသီးသီး၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့်လုံခြုံရေးတပ်ဖွဲ့ဝင်တို့သည် အဓိကရုဏ်းနှင့် အကြမ်းဖက်မီးရှို့၊ လူသတ်မှုဖြစ်စဉ်များအလိုက် လူစုခွဲခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အနိမ့်ဆုံးအဆင့် အနည်းဆုံး အင်အားဖြင့်သာဆောင်ရွက်ရန် ညွှန်ကြားချက်၊ ထုတ်ပြန်ထားသည့်ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရ၊ ရုန်းရင်ဆန်ခတ်မှုလက်စွဲဥပဒေ(၁၉၅၆ ခုနှစ်)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူစုလူဝေးအားကြီးကြပ်ထိန်းသိမ်းခြင်း လက်စွဲစာစောင်(၂၀၁၅ ခုနှစ်)နှင့်တပ်မတော်အက်ဥပဒေပုဒ်မ(၁၉၅၉ ခုနှစ်)အပါအဝင် သီးခြား ထုတ်ပြန်ထားသည့် Rule of Engagement ၊ Self Defence  များပါအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ခဲ့ခြင်း အကြမ်းဖက်သမားများအပေါ် ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ခြင်း တို့ကြောင့်သာ ဆူပူအကြမ်းဖက်သမားများ သေဆုံး၊ ‘ဒဏ်ရာရရှိမှုအနည်းဆုံး အနေ အထားဖြင့် ဖမ်းဆီးထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်းနှင့် ဖော်ပြပါ အရာရှိကြီးအဆင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့် ချမ်းမြသာစည်မြို့နယ် ၁၀၅ လမ်း ၅၂ လမ်းနှင့် ၅၃ လမ်း ကြားတွင် ဆူပူအကြမ်းဖက်သူများအနက်မှ အမျိုးသား ၄၅ ဦးအား ထိခိုက်ဒဏ်ရာ ရရှိစေခဲ့ခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။