ချယ်လ်ဆီးအသင်း ခံစစ်ကစားသမားရူဒီဂါ အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေပြီး ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်

ချယ်လ်ဆီးအသင်း ခံစစ်ကစားသမားရူဒီဂါ အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်မပြေဖြစ်နေပြီး ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်

ချယ်လ်ဆီးအသင်း ခံစစ်ကစားသမားရူဒီဂါ အသင်း နှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင်မပြေဖြစ် နေပြီး   ရီးယဲလ်မက်ဒရစ် အသင်းသို့  ပြောင်းရွှေ့ ကစားရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

ရူဒီဂါသည်  ၂ဝ၁၇  ခုနှစ်က  ရိုးမားအသင်းမှ ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး   ယခုဘောလုံးရာသီ ကုန်ဆုံးလျှင် ချယ်လ်ဆီးအသင်း နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းက  ရူဒီဂါကို  သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အစောပိုင်းကတည်းက ကမ်းလှမ်းမှုများ ပြုလုပ်နေသော်လည်း ရူဒီဂါက တစ်ပတ်လုပ်ခ လစာ  စတာလင်ပေါင်  ၂ဝဝဝဝဝ  အလိုရှိနေပြီး ချယ်လ်ဆီးအသင်းက တစ်ပတ်လုပ်ခ လစာစတာလင် ပေါင် ၁၄ဝဝဝဝ ဖြင့်သာ ကမ်းလှမ်းထားသည့်အတွက်   လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေခြင်းဖြစ်သည်။

ချယ်လ်ဆီး အသင်းကလည်း ယခုဘောလုံးရာသီ ကုန်ဆုံးလျှင် ရူဒီဂါကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည့် အခြေအနေများကြောင့်   လာမည့် ဇန်နဝါရီကစားသမား  အပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ပြင်ဆင်ထားပြီး ၎င်း၏နေရာတွင် ကာလရှည် ပစ်မှတ်ထားနေသည့် ဆီဗီလာအသင်းမှ လူငယ် ကစားသမား ကွန်ဒီနှင့် အစားထိုးရန် ပြင်ဆင်ခြင်းဖြစ် သည်။

ချယ်လ်ဆီးအသင်းနှင့်  လုပ်ခလစာ ညှိနှိုင်းမှု အဆင်မပြေဖြစ်နေသည့်   ရူဒီဂါကို  လက်ရှိတွင် စပိန်ထိပ်သီး  ရီးယဲလ်မက်ဒရစ်အသင်းနှင့်  ဂျာမန် ထိပ်သီး ဘိုင်ယန်မြူးနစ် အသင်းတို့က ကမ်းလှမ်းဖွယ် ရှိနေသော်လည်း  ရူဒီဂါကိုယ်တိုင်က   ရီးယဲလ်မက် ဒရစ်အသင်းသို့သာ ပြောင်းရွှေ့ ကစားလိုနေခြင်းဖြစ်ကြောင်း သိရသည်။