ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်နှင့် ဉတ္တံတားရပ် ကွက်တို့ရှိ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေး၊ ပြင်ဦးလွင်မြို့၊ ဂဲလောင် ချောင်းတစ်လျှောက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်နှင့် ဉတ္တံတားရပ် ကွက်တို့ရှိ ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်းပေး၊ ပြင်ဦးလွင်မြို့၊ ဂဲလောင် ချောင်းတစ်လျှောက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ယနေ့နံနက်ပိုင်းတွင် ဇော်ဂျီချောင်းရေပြည့်လျှံလာပြီး ရပ်စောက်မြို့၊ ဇော်ဂျီ ရပ်ကွက်ရှိ အိမ်ထောင်စု ၅၀ စုနှင့် ဉတ္တံတားရပ်ကွက်ရှိ အိမ်ထောင်စု ၅၀ စုနေထိုင်ရာ နေရာများသို့ ရေများ ၄ ပေခန့်ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့များက သွားရောက်၍ ရေဝင်ရောက်ခဲ့သည့် မိသားစု များမှ အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကလေးသူငယ် များအား ရေဘေးကင်းလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး စိုးရိမ်ရေမှတ် အထိ ရေမြင့်တက်လာပါက ကျန်ရှိသည့်မိသားစုများအား ထပ်မံရွှေ့ပြောင်းပေးနိုင်ရေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်များ၌ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မြို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက အမှိုက်သယ်ယာဉ်များ၊ ဘက်ဟိုးယာဉ်များဖြင့် ဂဲလောင်ချောင်းတစ်လျှောက်ရှိ ချုံနွယ်ပေါင်း မြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း များ ပြန်လည်တူးဖော်ပေးခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။