ဂျပန်က အရှေ့တောင်အာရှ သုံးနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရှစ်သိန်း လှူဒါန်းမည်

ဂျပန်က အရှေ့တောင်အာရှ သုံးနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရှစ်သိန်း လှူဒါန်းမည်

ဂျပန်နိုင်ငံက  အရှေ့တောင်အာရှဒေသရှိ နိုင်ငံသုံးနိုင်ငံသို့   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ    ရှစ်သိန်းစာ လှူဒါန်းမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ လှူဒါန်းမှုများတွင် ဗီယက်နမ် နိုင်ငံအတွက် ကာကွယ်ဆေး လေးသိန်း၊ ထိုင်းနိုင်ငံအတွက် သုံးသိန်းနှင့် ဘရူနိုင်း နိုင်ငံအတွက်  တစ်သိန်းတို့ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး  တိုရှီမစ်ဆူမိုတဲ့ဂီက ပြောသည်။

လှူဒါန်းသွားမည့် ဆေးများသည် ဂျပန်နိုင်ငံအတွင်း ထုတ်လုပ်သော အက်စထရာဇီနီကာ ကုမ္ပဏီ၏    ကာကွယ်ဆေးများ ဖြစ်ကြောင်းနှင့် ယနေ့အချိန်အထိ ကာကွယ်ဆေး အကြိမ်ရေ ၂၃ သန်းစာကို နိုင်ငံအသီးသီးသို့ လှူဒါန်းပြီးဖြစ်ကြောင်း  ၎င်းက ဆက်ပြောသည်။

အလားတူ ဂျပန်နိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ဂါဗီမဟာမိတ် အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေသည့်     ကိုဗက်အမည်ရှိ ကာကွယ်ဆေးခွဲတမ်း အစီအစဉ် အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့် ကာကွယ်ဆေး အကြိမ်ရေ သန်း ၃ဝ စာကိုလှူဒါန်းသွားမည်ဟုလည်း နိုင်ငံခြားရေး ဝန်ကြီးက ဆက်ပြောသည်။

စက်တင်ဘာ ၁၃ ရက်အထိ စာရင်းများ အရ ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူ  ၅ဝ  ရာခိုင်နှုန်း ရှိသည်ကို တွေ့ရသည်။

Ref: Bangkok Post