ဂျူဗင်တပ်စ်အသင်းနည်းပြသစ်အဖြစ် အယ်လီဂရီနီကို ခန့်အပ်ပြီး စီရော်နယ်ဒိုကို အလိုက်ပေး၍ ပေါ့ဂ်ဘာကို ကမ်းလှမ်းရန် ပြင်ဆင်နေ

ရောမ၊ ဘောလုံး

ဂျူဗင်တပ်စ်အသင်းနည်းပြသစ်အဖြစ် အယ်လီဂရီနီကိုခန့်အပ်ပြီး စီရော်နယ်ဒိုကို အလိုက်ပေး၍ မန်ယူအသင်းမှ ပေါ့ဂ်ဘာကို ကမ်းလှမ်းရန်ပြင်ဆင်နေကြောင်း သိရသည်။

နည်းပြအယ်လီဂရီနီနှင့် စီရော်နယ်ဒိုတို့သည် ယခင်ကတည်းက ဆက်ဆံရေးမပြေလည်သူများဖြစ်ပြီး နည်းပြအယ်လီဂရီနီက စီရော်နယ်ဒိုသည် ဂျူဗင်တပ်စ်အသင်း၌ လူငယ်ကစားသမားများ၏ အနာဂတ်ကိုပိတ်ဆို့နေသူဖြစ်ကြောင်း လူသိရှင်ကြား ဝေဖန်မှု များပြုလုပ်ခဲ့ပြီးနောက် ဆက်ဆံရေး မပြေလည်သူများဖြစ်ခဲ့ဖူးကာ ယခုအခါ ဂျူဗင်တပ်စ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး နောက် စီရော်နယ်ဒိုကို ရောင်းချရန်ပြင်ဆင်လာခြင်းဖြစ်သည်။

နည်းပြအယ်လီဂရီနီသည် ပေါ့ဂ်ဘာနှင့် ယခင်ကတည်းက ဂျူဗင်တပ်စ်အသင်း၌ လက်တွဲခဲ့ဖူးသူများဖြစ်သည့်အတွက်   ပေါ့ဂ်ဘာ၏ ခြေစွမ်းပိုင်းကို သဘောကျသူဖြစ်သောကြောင့် ပြောင်းရွှေ့ကြေးအပြင် စီရော်နယ်ဒိုကိုပါအလိုက်ပေး၍ ကမ်းလှမ်းရန်ပြင်ဆင် လာခြင်းဖြစ်သည်။

မန်ယူအသင်းနှင့် ပေါ့ဂ်ဘာတို့သည်လည်း စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး လာမည့်ဘောလုံးရာသီမစတင်မီ သက်တမ်းတိုး စာချုပ်မချုပ်ဆိုနိုင်ပါက လာမည့်အပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည့် အနေ အထားကြောင့် စာချုပ်သက်တမ်းမတိုးနိုင်ပါက မဖြစ်မနေရောင်းချရမည်ဖြစ်သည်။

မန်ယူအသင်းကလည်း ကစားသမားဟောင်း စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူလိုသော်လည်း လက်ရှိ၎င်း၏မြင့်မားသည့် လုပ်ခ လစာကြောင့် စီရော်နယ်ဒိုကိုယ်တိုင်က လုပ်ခလစာလျှော့ချပေးမှသာ အပြောင်း အရွှေ့ဖြစ်မြောက်ဖွယ်ရှိနေကြောင်း သိရသည်။

Ref;AS