ငွေကျပ်သိန်းပေါင်း ၃၀၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများ အား ဖမ်းဆီးရမိခဲ့သည့် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုငွေချီးမြှင့်

ငွေကျပ်သိန်းပေါင်း ၃၀၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများ အား ဖမ်းဆီးရမိခဲ့သည့် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုငွေချီးမြှင့်

 
နေပြည်တော်၊ ဧပြီ - ၆

 
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ပဲပဒုံပူးပေါင်းစစ်ဆင်ရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ဧပြီ ၅ ရက်တွင် ယာဉ်အဝင်/အထွက်များ စစ်ဆေးစဉ် ရန်ကုန်မှ စစ်တွေသို့ ယာဉ်မောင်းဖြစ်သူ ရခိုင်ပြည်နယ်၊ ဘူးသီး တောင်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဇော်မျိုးသန်း(ဘ)ဦးစိန်သန်းနှင့် ယာဉ်နောက် လိုက်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယု (၃)လမ်း၊ အမှတ်(၁၀၅)နေ သိန်းသန်းမြင့်(ဘ)ဦးမြင့်သူ တို့မောင်းနှင်းလာသည့် NISSAN DIESEL (UD) အဖြူ/ အပြာ မော်တော်ယာဉ်အမှတ်၊ 5K/------ အား ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်၌ အဝတ်အစား (ဘေထုပ်) ပီနံအိတ်(၁၀၀)လုံးခန့် အတွင်းမှ အဝတ်အစားများဖြင့် ညှပ်၍ စနစ်တကျထုတ်ပိုးထားသည့် ခန့်မှန်းကာလ တန်ဖိုး ကျပ်သိန်းပေါင်း ၃၀၀၀၀၀ ကျော်ရှိသော WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား တစ်ထုပ်လျှင် ဆေးပြား ၅၀၀၀၀ ခန့်ပါ အထုပ် ၃၀၀ ထုပ်၊ ဆေးပြား စုစုပေါင်း ၁၅၀ သိန်းအား သိမ်းဆည်းရမိခဲ့သည်။

 
ထို့သို့ ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးများအားစွမ်းစွမ်းတမံ ရှာဖွေဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များအား ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်တို့က ဂုတ်ပြုချီးမြှင့်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ပဲပဒုံပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်းခံရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ငွေ ကျပ် ၄၇ သိန်းတို့အား ဒုတိယတိုင်းမှူး နှင့် တာဝန် ရှိသူများမှ ပေးအပ်ချီမြှင့်ရာ တာဝန်ရှိသူများမှ အသီးသီးလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။